ဘိုလီးဗီးယားအသင်း

September 27, 2018

ဘိုလီးဗီးယားအသင်းနှင့် ခြေစွမ်းပွဲကစားရန် ဒေါ်လာ ၈ သောင်းကျော် ပေးခဲ့ရ

ဘိုလီးဗီးယား လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့အတွက် ပွဲကစားကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈ သောင်းကျော် ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဆူဇူကီးဖလားအကြို ပြင်ဆင်မှုအဖြစ် တောင်အမေရိက အသင်းတသင်းဖြစ်တဲ့ ဘိုလီးဗီးယား လက်ရွေးစင်အသင်းနဲ့ အောက်တိုဘာ ၁၃ ရက်မှာ ခြေစမ်းကစားမှာပါ။ ကမ္ဘာ့အဆင့် ၅၈ မှာရှိတဲ့အသင်း ဖြစ်တာကြောင့် ပွဲကစားကြေးအဖြစ် အမေရိကန်ဒေါ်လာ ၈ သောင်းကျော် ပေးခဲ့ရတယ်လို့ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ အောက်တိုဘာ ၁၃ ရက်မှာလည်း အင်ဒိုနီးရှားအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ခြေစမ်းမှာပါ။ ဘိုလီးဗီးယားနဲ့ ခြေစမ်းပွဲအပြီးမှာလည်း ကာတာနိုင်ငံကို ၃ ပတ်ကြာ သွားရောက်လေ့ကျင့်မှာဖြစ်ပြီး ခြေစမ်းပွဲတွေ ကစားဖို့လည်း ချိတ်ဆက်ထားပါတယ်။ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေတာပါ။ အိမ်ကွင်း ၂ ပွဲနဲ့ အဝေးကွင်း ၂ ပွဲ ကစားရမှာဖြစ်ပြီး မြန်မာအသင်းက နိုဝင်ဘာ ၁၂ ရက်မှာ ကမ္ဘောဒီးယားအသင်းနဲ့ အဖွင့်ပွဲစဉ်အဖြစ် မန္တလေးမြို့မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
3 years Ago
Up