ဘိုရာကေးကျွန်း

October 26, 2018

ဖိလစ်ပိုင် ဘိုရာကေးကျွန်း ပြန်လည်ဖွင့်လှစ်တော့မည်

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ပိတ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံက ထိပ်တန်းလည်ပတ်ရာနေရာ ဘိုရာကေးကျွန်းကို အောက်တိုဘာ ၂၆ ရက်ကစပြီး ဖွင့်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီကျွန်းပေါ်က ညစ်ညမ်းမှုတွေ ရှင်းလင်းဖို့ ၆ လကြာ ပိတ်ထားအပြီး ပြန်ဖွင့်တာလည်း ဖြစ်ပါတယ်။ ကမ်းခြေတွေမှာ ဘက်တီးရီးယားထူပြောမှု သိသိသာသာ စံချိန်တင် ကျဆင်းအပြီး နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေ မလာခင် သီတင်းတပတ်အလိုမှာ ဒေသခံတွေနဲ့ အနားက ပါနေကျွန်းက ဒေသခံတွေ ကမ်းခြေတွေဆီ လာလည်ဖို့ အစိုးရက ခွင့်ပြုခဲ့ပါတယ်။ ရေဆိုးစနစ်စီမံမှု ညံ့ဖျင်းတာက ကမ်းခြေတွေပေါ်ထိ ရိုက်ခတ်ခဲ့ပြီး အစိမ်းရောင် လှိုင်းလုံးတွေကြောင့် ဘိုရာကေးကျွန်းကို အမှိုက်ကန်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခေါ်ခဲ့တာပါ။ အဲဒီနောက် တကျွန်းလုံးကို သန့်ရှင်းရေးလုပ်နိုင်ရေး ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လမ်းတွေနဲ့ ရေဆိုးစနစ် တည်ဆောက်ရေးလို ပြန်လည်ထူထောင်ရေး အားထုတ်မှုတွေကို ၂၀၁၉ ထိ ဆက်လုပ်သွားမယ်၊ ၂၀၁၉ မတိုင်ခင်မှာ နေ့စဉ် ကမ္ဘာလှည့်ခရီးသည် အယောက် ၁၉၀၀၀ သာ ဘိုရာကေးကျွန်းကို လာလည်နိုင်မယ်လို့ လုပ်ငန်းအဖွဲ့က ပြောပါတယ်။
2 years Ago

April 27, 2018

ဖိလစ်ပိုင် ဘိုရာကေးကျွန်းပေါ်ရှိ တရားမဝင် အဆောက်အအုံများကို ရှင်းလင်း

ဖိလစ်ပိုင် ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ဘိုရာကေးကျွန်းသန့်ရှင်းရေး ရက် ၆၀ စီမံချက်အတွင်း ကျွန်းပေါ်မှာ တရားမဝင် ဆောက်ထားတဲ့ အဆောက်အအုံတွေကို ဧပြီ ၂၆ ရက်နေ့ကစပြီး ရှင်းလင်းနေပါပြီ။ အားလပ်ရက် အပန်းဖြေသူတွေကြား နာမည်ကြီးတဲ့ ဘိုရာကေးကျွန်းဟာ ညစ်ပတ်စုတ်ပြတ်နေပြီလို့ သမ္မတ ဒူတာတေးက ဖေဖော်ဝါရီလမှာ ပြောခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖိလစ်ပိုင်အစိုးရဟာ ကျွန်းပေါ်က လမ်းတွေကို ချဲ့ဖို့၊ ရေစီးရေလာစနစ် ကောင်းဖို့၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ ပီဆိုငွေ ၁၀ သန်း သုံးစွဲဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်းပေါ်က အဓိကလမ်းမကြီးတွေပေါ်မှာ မြေတူးစက်တွေနဲ့ ဆောက်လုပ်ရေးလုပ်သားအဖွဲ့ ၁၀ ဖွဲ့ဟာ နံရံတွေနဲ့ အဆောက်အအုံတွေကို ဖြိုချနေတယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။
3 years Ago
Up