နောက်ခံလူ ဘိုတန်ကို ဂျာမနီအသင်းမှာ မရွေးချယ်တော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းမိတယ်လို့ အိုဇေးလ်က ပြောကြားလိုက်ပါတယ်။
ဂျာမနီအသင်းဟာ အနာဂတ်မှာ လူငယ်ကစားသမားတွေကို ဦးစားပေး အသုံးပြုသွားဖို့ ရှိတာကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလား ရယူပေးခဲ့ကြတဲ့ ဘိုတန်၊ ဟမ်းမဲလ်နဲ့ သောမတ်စ်မူလာတို့ကို လက်ရွေးစင်အသင်းမှာ ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဘိုတန်ဟာ လူငယ်ကစားသမား ဘဝကတည်းက မိမိနဲ့အတူ တွဲဖက်ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားတဲ့အတွက် ဝမ်းနည်းမိတယ်လို့ အိုဇေးလ်က တွစ်တာကနေတဆင့် ပြောကြားခဲ့ပါတယ်။
အိုလ်ဇေးလ်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် လက်ရွေးစင်ကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။
အိုဇေးလ်အနေနဲ့ ဘိုတန်အတွက် ဝမ်းနည်းစကား ဆိုခဲ့ပေမယ့်လည်း တခြားအသင်းဖော်တွေဖြစ်တဲ့ မူလာနဲ့ ဟမ်းမဲလ်တို့ကိုတော့ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။
ဂျာမနီအသင်းဘက်ကတော့ ဝါရင့်ကစားသမားသုံးဦးကို အနားပေးလိုက်ပေမယ့် သူတို့ရဲ့ခြေစွမ်းက အမြင့်ဆုံးမှာ ရှိနေဆဲဖြစ်ပြီး လူငယ်တွေနဲ့ တည်ဆောက်သွားချင်တာကြောင့် ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
4 years Ago