ဘိုင်လီ

November 7, 2018

မန်ယူနောက်ခံလူ ဘိုင်လီကို ခေါ်ယူရန် အေစီမီလန် ပစ်မှတ်ထား

အေစီမီလန်အသင်းဟာ မန်ယူနောက်ခံလူ အဲရစ်ဘိုင်လီကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အဲရစ်ဘိုင်လီဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး နည်းပြမော်ရင်ဟိုနဲ့လည်း အဆင်မပြေ ဖြစ်နေတာပါ။ ဒီအခြေအနေကို အေစီမီလန်အသင်းက စောင့်ကြည့်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီမှာ အပြီးသတ်ခေါ်ယူခွင့် မရခဲ့ရင်တောင် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိ အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်လီဟာ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲလ်အသင်းကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာတာပါ။ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ အမှားများခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုရဲ့ ယုံကြည်မှု မရတော့ဘဲ နောက်ပိုင်းပွဲတွေမှာ ပွဲထွက်မရတော့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ဘိုင်လီအပြင် စပါးနောက်ခံလူ အန်ဒါဝီရယ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
2 years Ago

September 18, 2018

မန်ယူတွင် အဆင်မပြေဖြစ်နေသည့် ဘိုင်လီကို အာဆင်နယ်နှင့် စပါး စောင့်ကြည့်

မန်ချက်စတာယူနိုက်တက်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ နောက်ခံလူ အဲရစ်ဘိုင်လီကို အာဆင်နယ်နဲ့ စပါးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်ရှိ အိုင်ဗရီကို့စ် နောက်ခံလူ ဘိုင်လီဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပွဲထွက်ခဲ့ပေမယ့် အမှားများခဲ့လို့ နည်းပြမော်ရင်ဟိုက နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ကစားသမားစာရင်းထဲ အသုံးမပြုခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို စပါးနဲ့ အာဆင်နယ်အသင်းတို့က စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းဖို့ရှိနေတယ်လို့ ဒေးလီးမေးလ် သတင်းစာက ရေးသားခဲ့ပါတယ်။ မန်ယူနောက်တန်းမှာ စမောလင်း ခြေစွမ်းပြနေသလို ဖီးလ်ဂျုံးစ်၊ လင်ဒီလော့ဖ်၊ ရိုဟို တို့လည်း ရှိနေတာပါ။ ဘန်လေနဲ့ ဝတ်ဖို့ဒ်အသင်းတွေကို အနိုင်ရတဲ့ပွဲစဉ်တွေမှာလည်း ဘိုင်လီဟာ ပွဲပြီးခါနီး အချိန်တွေမှာပဲ လူစားဝင် ကစားခဲ့ရပါတယ်။
3 years Ago
Up