တောင်ပံကစားသမား ဖရန့် ရီဘာရီက ဒီနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူက ပြောပါတယ်။
ပြင်သစ်ကစားသမား ရီဘာရီရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ဒီနှစ်နွေရာသီမှာ ကုန်ဆုံးမှာပါ။
အသက် ၃၆ နှစ်အရွယ် ရီဘာရီက လာမယ့်ရာသီအတွက် ပြင်ဆင်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
သူနဲ့အတူ အသင်းဖော် အာဂျန်ရော်ဘင်လည်း ဒီနှစ်ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှာပါ။
ရီဘာရီဟာ ပြင်သစ်ကလပ် မာဆေးအသင်းကနေ ၂၀၀၇ မှာ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာတာပါ။
ရီဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားပါတယ်။
သူဟာ ပြင်သစ်လက်ရွေးစင်အသင်း အတွက်တော့ ၈၁ ပွဲ ကစားပေးထားပြီး ၁၆ ဂိုး သွင်းယူထားပါတယ်။
4 years Ago