ဘိုင်ယန်ဂန္ထဝင်အသင်း

A d v e r t i s e m e n t With Us

May 28, 2019

မန်ယူဂန္ထဝင်အသင်းက ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းကို ၅ ဂိုး ဂိုးမရှိဖြင့်နိုင် (ရုပ်သံ)

၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မန်ချက်စတာယူနိုက်တက် ဂန္ထဝင်အသင်းနဲ့ ဘိုင်ယန်မြူးနစ် ဂန္ထဝင်အသင်းတို့ မေလ ၂၆ ရက်က ယှဉ်ပြိုင်ရာ မန်ယူအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ မန်ယူအသင်းကို နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ်သွားပြီး အင်ဒီကိုးလ်၊ ဒွိုက်ယော့ခ်၊ ပေါလ်စခိုး၊ ဘက်ခမ်း၊ နစ်ကီဘတ်၊ ဘလွန်ကွစ်၊ နဗီးလ်၊ စတမ်း၊ ဂျွန်ဆင်၊ အာဝင်တို့နဲ့ ပွဲထွက်လာပြီး ဂိုးသမားအဖြစ် ရှမိုက်ကယ်က တာဝန်ယူခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဂန္ထဝင်အသင်းမှာလည်း ဒီမစ်ချယ်လီ၊ လိုသာမားသီးယပ်စ်၊ အိုလစ်၊ အက်ဖင်ဘာ့ဂ်၊ ဇီရော်ဘတ်တို၊ ပေါ်လိုဆာဂျီယို၊ မက်ကေး၊ ဂျီယိုဗန်နီအယ်လ်ဘာတို့ ပါဝင်ခဲ့ပါတယ်။ ပွဲစတင်ပြီး မကြာခင်မှာပဲ မန်ယူတိုက်စစ်မှူး အင်ဒီကိုးလ် ဆက်မကစားနိုင်တော့လို့ Super Sub ကစားသမား ဆိုးလ်ရှား ဝင်ရောက်ကစားခဲ့ပါတယ်။ ဒီ့နောက် မန်ယူအတွက် အဖွင့်ဂိုးကိုလည်း ဘလွန်ကွစ်ရဲ့ ပေးပို့မှုကတဆင့် ဆိုးလ်ရှားကပဲ သွင်းယူပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် မိနစ် ၃၀ မှာ ဒွိုက်ယော့ခ်၊ ၇၉ မိနစ်မှာ နစ်ကီဘတ်၊ ၈၅ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဆာဟာနဲ့ မိနစ် ၉၀ မှာ မန်ယူဂန္ထဝင် ဘက်ခမ်းတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူ ညာတောင်ပံကနေ ဒေးဗစ်ဘက်ခမ်းရဲ့ ဖြတ်တင်ဘောတွေကို ပရိသတ်တွေ အထူးသဘောကျ အားပေးခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က ပွဲအစ ၆ မိနစ်မှာ တိုက်စစ်မှူး မာရီယိုဘတ်စ်လာ သွင်းတဲ့ဂိုးနဲ့ ပွဲပြီးကာနီးအထိ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ရှရင်ဂမ်နဲ့ ဆိုးလ်ရှားတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပြီး ချန်ပီယံလိဂ်ဖလား သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up