ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်ကို ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းထံ အငှားချထားလိုက်ပါတယ်။
အသက် ၂၀ အရွယ် ဘင်ဖီကာ ကွင်းလယ်သမားဟောင်း ရီနာတိုဟာ ပေါ်တူဂီအသင်း ၂၀၁၆ ယူရိုချန်ပီယံဖြစ်တုန်းက အဓိက ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။
သူဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၂၇ သန်းကျော်နဲ့ ရောက်ရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမပြနိုင်ခဲ့လို့ ပုံမှန် ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။
ဘိုင်ယန်အသင်းဥက္ကဋ္ဌကတော့ ရီနာတိုကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ် အသင်းတသင်းမှာ ပုံမှန်ကစားရဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
ရီနာတိုဆန်းချက်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် ၂၅ ပွဲ ကစားပေးထားပါတယ်။
5 years Ago