ဘိုင်ယန်

June 17, 2019

ဂါရက်ဘေးလ်ကို ဘိုင်ယန်က အငှားဖြင့်ခေါ်ရန် ပြင်ဆင်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အနာဂတ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိလို့ ရောင်းချဖို့ ပြင်ဆင်နေတဲ့ ဂါရက်ဘေးလ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ လက်လျှော့ခဲ့ပေမယ့် ဂျာမနီထိပ်သီး ဘိုင်ယန်မြူးနစ်က အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဂျန်ရော်ဘင်၊ ရစ်ဘာရီတို့ မရှိတော့တဲ့နောက်ပိုင်း တိုက်စစ်ကစားသမား လိုအပ်ချက်ရှိလာတဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဘေးလ်ကို တစ်ပတ်လုပ်ခပေါင် ၃ သိန်းခွဲပေးပြီး ခေါ်ယူလိုတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြ ဇီဒန်းကတော့ ဘေးလ်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားထားပြီး ဘဏ္ဍာငွေမျှချေရှိလာဖို့ မြင့်မားတဲ့ ပြောင်းရွှေ့ ကြေးတရပ်နဲ့ ရောင်းချလိုနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဟာဇက်အပါအဝင် ကစားသမားခေါ်ယူဖို့အတွက် ပေါင်သန်း ၃၅၀ နီးပါး အသုံးပြုထားပြီး ပေါ့ဘာလိုကစားသမားမျိုးကိုလည်း ပေါင်သန်း ၁၀၀ ကျော်ထိပေးပြီး ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
2 years Ago

March 3, 2019

ဘိုင်ယန်က မွန်ချန်ဂလတ်ဘတ်ကို ၅-၁ ဂိုး ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ မွန်ချန်ဂလတ်ဘတ်ကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစမှာပဲ မာတီနက်က သွင်းယူပါတယ်။ ဒုတိယဂိုးကို ၁၁ မိနစ်လောက်မှာ မူလာက သွင်းယူပါတယ်။ အိမ်ရှင် မွန်ချန်ဂလတ်ဘတ်အတွက် ချေပဂိုးကို စတင်ဒယ်က ရရှိသွားပါတယ်။ ဘိုင်ယန်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ထိမ်းချုပ်နိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၄ ကြိမ်အထိ ရခဲ့ပါတယ်။ တတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက သွင်းယူပါတယ်။ ၄ ဂိုးမြောက်ဂိုးကို ဂါနာဘရီက ပိတ်ယူပါတယ်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို လီဝမ်းဒေါ့စကီးက ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်က ၅၄ မှတ်နဲ့ ဇယားထိပ်က ဒေါ့မန်နဲ့ အမှတ်တူသွားပါတယ်။
3 years Ago
More News
Up