ဘိုကိုဟာရမ်ပြန်ပေးဆွဲခံရသည့်

May 7, 2017

ဘိုကိုဟာရမ်ပြန်ပေးဆွဲခံရသည့် ကျောင်းသူ ၈၂ ဦး လွတ်မြောက်

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၃ နှစ်က ပြန်ပေးဆွဲခံရတဲ့ ကျောင်းသူ ၂၇၆ ဦးထဲက ၈၂ ဦးကို ဘိုကိုဟာရမ် အစ်စလာမ္မစ်စစ်သွေးကြွတွေက ပြန်လွှတ်ပေးလိုက်တယ်လို့ သမ္မတရုံးက ပြောကြောင်း ဘီဘီစီ မေလ ၇ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ ဘိုကိုဟာရမ်တွေနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ ဖမ်းဆီးထားတဲ့ ဘိုကိုဟာရမ် သံသယ ရှိသူတွေနဲ့ လဲလှယ်ဖို့အတွက် ဒီလိုလွှတ်ပေးတာလို့ သိရပါတယ်။ လွှတ်ပေးလိုက်တဲ့ မိန်းခလေး ၈၂ ဦးကို သမ္မတ မူဟာမက်ဒူဘူဟာရီက မြို့တော်အဘူဂျာမှာ မေလ ၇ ရက်နေ့တွင် လက်ခံမယ်လို့ ထုတ်ပြန်တဲ့ သတင်းမှာ ပြောထားပါတယ်။ ဘိုကိုဟာရမ်တွေရဲ့ ကျောင်းသူတွေကို ပြန်ပေးဆွဲမှုက တကမ္ဘာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားပြီး ကျောင်းသူတွေ လွတ်မြောက်ဖို့ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် လှုံ့ဆော်မှုတွေ ဖြစ်ခဲ့တာပါ။ နောက်ဆုံး မလွတ်ပေးခင်အထိ ကျောင်းသူ ၁၉၅ ဦးလောက် ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။ အာဏာပိုင်တွေဖက်က လွှတ်ပေးလိုက်တဲ့ ဘိုကိုဟာရမ် သံသယရှိသူအရေအတွက်ကိုတော့ မသိရှိရပါဘူး။ နယ်စွန်နယ်ဖျားဒေသမှ ကင်မရွန်းနိုင်ငံနယ်စပ် အနီးအနား ဘန်ကီနိုင်ငံရှိ စစ်အခြေစိုက်စခန်းဆီ ကုန်းလမ်းကြောင်းနဲ့ ခေါ်ဆောင်လာခဲ့တဲ့ လွှတ်မြောက်ကျောင်းသူ ၈၂ ဦးကို လက်တလော အချိန်မှာ နိုင်ဂျီးယားစစ်တပ်ရဲ့ အချုပ်စခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
4 years Ago
Up