ဘိုကိုဟာရမ်

A d v e r t i s e m e n t With Us

March 23, 2018

ပြန်ပေးဆွဲခံရသည့် နိုင်ဂျီးရီးယားကျောင်းသူ ၁၀၀ ကျော် လွတ်မြောက်

ဘိုကိုဟာရမ်စစ်သွေးကြွတွေဆီက လွတ်မြောက်ခဲ့တဲ့ နိုင်ဂျီးရီးယားကျောင်းသူ ၁၁၀ ဟာ မိုင်ဒူဂူရီမြို့ကနေ မြို့တော် အဘူဂျာဆီ ထွက်ခွာသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ဒပ်ချီမြို့မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေက ကျောင်းသူ ၁၁၀ ကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီ ပြန်ပေးဆွဲမှုဟာ ၂၀၁၄ ခုနှစ်က ချီဘို့မြို့ရှိ ကျောင်းသူ ၂၇၀ ကျော် ပြန်ပေးဆွဲခံရမှုနောက်ပိုင်း အကြီးမားဆုံး ပြန်ပေးဆွဲမှု ဖြစ်ပါတယ်။ ကျောင်းသူတွေ ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး လိုင်မိုဟာမက်က “ကျနော်တို့ ဒီသောင်းကျန်းသူအဖွဲ့နဲ့ ညှိနှိုင်းနေတာကြာပါပြီ။ အကြမ်းဖက်မှု လုံးဝရပ်စဲရေး ညှိနှိုင်းမှုလုပ်နေစဉ်အတွင်းမှာ ပြန်ပေးဆွဲမှု လုံးဝ မလုပ်ရဘူးဆိုပြီး နားလည်မှု ယူထားပါတယ်။ ကျနော်တို့အဖို့ ဒါ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ပြဿနာပါ။ အစိုးရက သူတို့ကို ပြန်ပေးဆွဲလို့ မရဘူးဆိုပြီး သတိပေးပြီးသားပါ။ အခု သူတို့က သဘောတူညီချက် ချိုးဖောက်တယ်။ ဒါကြောင့် အကျဉ်းသားလဲလှယ်တာ မရှိပါဘူး။ ပြန်ပေးငွေ မပေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။ မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်သွေးကြွတွေဟာ မြို့ထဲကို ယာဉ်တန်းနဲ့ ဝင်ရောက်လာပြီး ပြန်ပေးဆွဲထားတဲ့ ကျောင်းသူ ၁၁၀ ကို ဒေသခံတွေထံ ပြန်လည်အပ်နှံခဲ့တာဖြစ်တယ်လို့ ကျောင်းသူတဦးရဲ့ဖခင်က ပြောခဲ့ပါတယ်။ အဲဒီနောက် ကျောင်းသူတွေဟာ မြို့တော် အဘူဂျာကို လေယာဉ်နဲ့ ပြန်လာခဲ့ပါတယ်။
3 years Ago

February 27, 2018

ဘိုကိုဟာရမ် တိုက်ခိုက်မှုအပြီး မိန်းကလေး အယောက် ၁၁၀ ပျောက်ဆုံးနေ

ဘိုကိုဟာရမ်တွေရဲ့ တိုက်ခိုက်မှုအပြီး မိန်းကလေး အယောက် ၁၁၀ ပျောက်ဆုံးနေတယ်လို့ နိုင်ဂျီးရီးယား အစိုးရက ပြောလိုက်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကျောင်းကို ဘိုကိုဟာရမ်သူပုန်လို့ သံသယ ရှိသူတွေက တိုက်ခိုက်အပြီး မိန်းကလေး စုစုပေါင်း အယောက် ၁၁၀ ပျောက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြောပါတယ်။ ဒါဟာ ၂၀၁၄ ချီဘုတ် ပြန်ပေးဆွဲမှုအပြီး လူအများဆုံး ပြန်ပေးဆွဲမှုတွေထဲက တခုဖြစ်လာတာပါ။ သူပုန်တွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဒါ့ပ်ချီမြို့ထဲကို ကားနဲ့မောင်းဝင်လာပြီး မိန်းကလေးကျောင်းကို တိုက်ခိုက်ခဲ့လို့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ထွက်ပြေးခဲ့တာပါ။ တိုက်ခိုက်သူတချို့က ရုပ်ဖျက်ထားတယ်၊ သူတို့ကို ကျောင်းသားတွေက စစ်သားတွေလို့ ထင်ခဲ့ကြကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ ပျောက်ဆုံးသူအရေအတွက် ခန့်မှန်းချက် အမျိုးမျိုးဖြစ်နေပြီး ပြည်နယ်အစိုးရ၊ ပြည်ထောင်စုရဲနဲ့ တခြားလူတွေ ပြောတဲ့ အရေအတွက်ဟာ ကွဲပြားနေတာပါ။ ဒါ့ပ်ချီမြို့က မိဘတွေ၊ ဆရာတွေနဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီး လိုင် မိုဟမ်မဒ်က ပျောက်ဆုံးမိန်းကလေး အရေအတွက်ကို ကြေညာပြီး ပြည်နယ်အတွင်း ကျောင်းတွေမှာ ရဲနဲ့ လုံခြုံရေးအရာရှိတွေကို တာဝန်ချထားပြီးပြီလို့ ပြောပါတယ်။ အစ္စလာမ္မစ်စစ်သွေးကြွ ဘိုကိုဟာရမ်တွေဟာ ချီဘုတ်ရွာကနေ ကျောင်းသူ အယောက် ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့လို့ သူတို့အကြောင်း နိုင်ငံတကာက စိတ်ဝစ်စားခဲ့ပါတယ်။ လူမှုကွန်ရက်တွေပေါ်မှာလည်း ငါတို့မိန်းကလေးတွေ ပြန်ခေါ်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။ ဘိုကိုဟာရမ်တွေကို နှိမ်နင်းမယ်လို့ ကတိပေးထားတဲ့ သမ္မတ မူဟမ်မာဒူ ဘူဟာရီက ဖေဖော်ဝါရီ ၂၆ ရက် တိုက်ခိုက်မှုအပြီး မိန်းကလေးတွေ ပျောက်ဆုံးမှုကို နိုင်ငံတော်ကပ်ဘေးလို့ ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
3 years Ago
More News
Up