ဘိုကာဂျူနီယာ

December 18, 2018

ဘိုကာဂျူနီယာ တောင်ပံကစားသမား ပါဗွန်ကို ခေါ်ယူရန် အာဆင်နယ် ပစ်မှတ်ထား

အာဆင်နယ်အသင်းဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ တောင်ပံကစားသမား ခရစ္စတီယန်ပါဗွန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘိုကာဂျူနီယာမှာ ကစားနေတဲ့ ပါဗွန်ဟာ အသက် ၂၂ နှစ်ပဲ ရှိသေးပြီး နည်းပြ အူနိုင်းအမ်မရီ ကိုယ်တိုင်ကလည်း အကြိုက်တွေ့တဲ့ ကစားသမား ဖြစ်တယ်လို့ The Sun က ဆိုပါတယ်။ ဘိုကာဂျူနီယာအသင်းဘက်က ပါဗွန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့တဲ့ ပါဗွန်ဟာ လက်ရွေးစင်ပွဲ ၁၀ ပွဲ ကစားထားပြီး ကလပ်အသင်း ဘိုကာဂျူနီယာနဲ့ စုစုပေါင်း ၇၂ ပွဲကစားကာ ၁၉ ဂိုး သွင်းယူထားပါတယ်။
3 years Ago

November 25, 2018

ဘိုကာဂျူနီယာအသင်းသားများ တိုက်ခိုက်ခံရမှုကြောင့် Copa Libertadores ဗိုလ်လုပွဲ နောက်ဆုတ် (ရုပ်သံ)

ဘိုကာဂျူနီယာ အသင်းသားများ စီးနင်းလိုက်ပါလာတဲ့ကားကို ရေးဗားပလိတ် အသင်းပရိသတ်တွေက တိုက်ခိုက်မှုကြောင့် Copa Libertadores ဖလား ဗိုလ်လုပွဲ ဒုတိယအကျော့ကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။ ဒီနှစ်သင်းဟာ အာဂျင်တီးနားနိုင်ငံရဲ့ ခါးသီးပြိုင်ဘက်နှစ်သင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ပြိုင်ပွဲကို မူရင်း စီစဉ်ထားတာထက် ၂၄ နာရီနောက်ဆုတ်ကာ တနင်္ဂနွေ 20:00 GMT မှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရေးဗားပလိတ်အသင်းရဲ့ အိမ်ကွင်း Monumental မှာဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ဘိုကာဂျူနီယာ အသင်းသားတွေဟာ ကားပြတင်းပေါက် မှန်ကွဲစတွေနဲ့ ထိရှမိခြင်းတွေအပြင် လုံခြုံရေးတပ်ဖွဲ့တွေသုံးတဲ့ မျက်ရည်ယိုဗုံးတွေရဲ့ ဒဏ်ကိုလည်း ခံစားခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် နာမည်ကျော် တိုက်စစ်မှူးကြီး ကားလို့စ်တီဗက်ဇ်အပါအဝင် ဘိုကာဂျူနီယာအသင်းရဲ့ ကစားသမားအတော်များများဟာ မူးဝေခြင်းနဲ့ အော့အန်ခြင်းတွေ ဖြစ်ပွားခဲ့ပြီး ဆရာဝန်နဲ့ ကုသမှုကို ခံယူခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘိုကာ အသင်းရဲ့ ကစားနှစ်ဦးဖြစ်တဲ့ ပါဘလို ပီရတ်ဇ်နဲ့ ဂွန်ဇာလို လာမာဒိုတို့နှစ်ဦးဟာ ဆေးရုံတက်ခဲ့ရတယ်လို့ သိရပြီး သူတို့ဟာ မျက်လုံးကို မှန်ကွဲစထိမှန်ခြင်းနဲ့ ခေါင်းပေါက်ခြင်း စတဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။ “ပါဘလိုက မျက်လုံးမှာပတ်တီးနဲ့ ဆေးရုံက ဆင်းလာပါပြီ။ ကျနော်တို့ အသင်းသားတွေဟာ စောစောကမှအသက်ကို ဝအောင်ရှူနိုင်ခဲ့တာပါ။ ဒီအခြေအနေနဲ့ ဘောလုံးကစား ဖို့ဖြစ်နိုင်မှာ မဟုတ်ပါဘူး” လို့လည်း မန်ချက်စတာနှစ်သင်းနဲ့ နာမည်ကျော်ခဲ့တဲ့ တီဗက်ဇ်ကပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်ဟာ ဟိုးလေး တကျော်ကျော်ဖြစ်ခဲ့ပြီး ပြိုင်ဘက်ကစားသမားတွကို တိုက်ခိုက်ခဲ့တဲ့ ရေးဗားပလိတ်အသင်း ပရိသတ်တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ “ဒါကကျနော်တို့ အသိုင်းအဝိုင်းအတွက် ရှက်ဖွယ် လိလိကိစ္စရပ်ကြီးပါ” လို့ဘိုကာအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူဒန်နီယယ် အန်ဂယ်လီစီက ပြောပြီး “အာဂျင်တီးနား နိုင်ငံသားတစ်ယောက်၊ ဘောလုံးအဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဒီတိုက်ခိုက်မှုအတွက် ရှက်ရွံ့ ဝမ်းနည်းမိတယ်” လို့လည်း ရေးဗားပလိတ်အသင်း ဥက္ကဋ္ဌက ဆိုပါတယ်။ Copa Libertadores ပြိုင်ပွဲဟာ တောင်အမေရိကတိုက်ရဲ့ သြဇာကြီးမားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဥရောပရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ တူညီပါတယ်။ ဒါ့အပြင် ပြိုင်ဘက်နှစ်သင်းကလည်း အာဂျင်တီးနားနိုင်ငံရဲ့ ခါးသီးပြိုင်ဘက်တွေ ဖြစ်တာကြောင့် ဒီပွဲကို ကမ္ဘာတဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါတယ်။ ဗိုလ်လုပွဲပထမအကျော့ကို ဘိုကာအသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီပွဲမှာ တဖက် ၂ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။
3 years Ago
Up