ဘုရားဖူးယာဉ်​ သစ်​ပင်​ဝင်​တိုက်၍ ၁ ဦး​သေ၊ ၁၉ ဦး ဒဏ်​ရာရ

January 27, 2019

ဘုရားဖူးယာဉ်​ သစ်​ပင်​ဝင်​တိုက်၍ ၁ ဦး​သေ၊ ၁၉ ဦး ဒဏ်​ရာရ

မ​ကွေးတိုင်း​ဒေသကြီး ​ချောက်​မြို့နယ်​ ​ချောက်​-​ဂွေးချို ကားလမ်း တွင်​ ဘုရားဖူး ယာဉ်​တစ်​စီး သစ်​ပင်​ဝင်​တိုက်​မိပြီး လူ ၁ ​ဦး​သေဆုံး ၁၉ ဦး ဒဏ်​ရာရရှိခဲ့တယ်​လို့​ ​ချောက်​မြို့မ ရဲစခန်းက သိရပါတယ်​။ ဒီနေ့မနက် ၃ နာရီအချိန်​လောက်က ​ချောက်​​-​ဂွေးချို ကားလမ်း ဆင်​ကရွာအနီး မိုင်​တိုင်​ ၃၉၉/၂ နဲ့ ၃၉၉/၃ အကြားမှာ​ စစ်ကိုင်း-မန္တလေးဘုရားဖူးအပြန် ​ဂွေးချိုဘက်​မှ ​ချောက်​မြို့ကို ယာဉ်​​မောင်း​ဇော်​ဟိန်း ​မောင်းနှင်​လာ​သော BUNGO အမျိုးအစား အဖြူ​ရောင်​ယာဉ်​ဟာ အရှိန်​မထိမ်​နိုင်​ဘဲ လမ်း​ဘေး ယူကလစ်​ပင်​အား ဝင်​တိုက်​မိခဲ့တာပါ။ ယာဉ်​​ပေါ်ပါ ၂၁ ဦးအနက်​ အသက်​ငါးဆယ်​​ကျော်​ အမျိုးသမီး ၁ ​ဦး ​နေရာတင်​ ​သေဆုံးပြီး ၁၉ ဦး ထိခိုက်​ဒဏ်​ရာရခဲ့တယ်​လို့ မြို့မရဲစခန်းက သိရပါတယ်။ ယာဉ်​​မောင်း ​ဇော်​ဟိန်းအား ယာဉ်​အား မဆင်​မခြင်​​မောင်းပြီး ထိခိုက်​​သေဆုံးမှု (ပ)၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-(က)၃၃၇/၃၃၈ နဲ့ ​ချောက်​မြို့မစခန်းမှာ အမှုဖွင့်အ​ရေးယူထား​ကြောင်း သိရပါတယ်​။ ကိုလင်း(​ချောက်​)
2 years Ago
Up