ဘုရားဖူးယာဉ်တိမ်းမှောက်

January 22, 2017

အမြန်လမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက်၊ ၁၂ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၆၈ မိုင် ၆ ဖာလုံနဲ့ ၆၈ မိုင် ၇ ဖာလုံ အကြားမှာ ဒီနေ့ မနက်  ၈ နာရီလောက်က ဘုရားဖူးယာဉ်တစီး တိမ်းမှောက်ခဲ့လို့ ခရီးသည် ၁၂ ဦး လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ကနေ ရန်ကုန်ကို ယာဉ်မောင်း ဇော်ဝမ်း မောင်းနှင်လာတဲ့ ယာဉ်အမှတ်-3M /6249 LIGHT TRUCK ဘုရားဖူးယာဉ်ဟာ ၀ဲဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မှာ တိမ်းမှောက်ခဲ့တာပါ။ အဆိုပါ ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၂၀  လိုက်ပါလာပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြို့ချောင်းဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့်  အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး နယ်မြေရဲတပ်ဖွဲ့ စခန်းက ယာဉ်မောင်း ဇော်ဝမ်းကို အမှုအမှတ် (ပ)၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါ တယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
5 years Ago
Up