ဘုရားဖူးကား

March 8, 2020

မော်တင်စွန်းဘုရားဖူးလာသည့် ယာဉ် ၁ စီး လမ်းဘေးထိုးကျ၊ ၃ ဦးဒဏ်ရာရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်းရှိ မော်တင်စွန်းဘုရားပွဲကို လာရောက်တဲ့ ဘုရားဖူးကား ၁ စီး မတ်လ ၇ ရက်နေ့ ညနေပိုင်းက လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာကြောင့် ၃ ဦး ဒဏ်ရာရတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနရက တာဝန်ရှိသူကပြောပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားဟာ ငါးသိုင်းချောင်း မြို့ကနေ မော်တင်စွန်းဘုရားပွဲကို လာရောက်တဲ့ ခရီးသည်တွေကို ဟိုင်းကြီးမြို့၊ ကျောက်ချောင်းကျေးရွာ သင်္ဘောဆိပ်မှာ တင်ဆောင်ပြီး မော်တင်စွန်းသို့ မောင်းနှင်လာစဉ် ခမောက်မော်ကျေးရွာ ညနေ ၆ နာရီလောက်မှာ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တာလို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင် က DVB ကိုပြောပါတယ်။ "ညနေပိုင်းလောက်ကဖြစ်တာ၊ ကျနော်တို့ မီးသတ် တပ်ဖွဲ့ဝင်တွေသွားပါတယ်၊ သိပ်ပြီးတော့ ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူး၊ ကားကိုလည်း သူတို့ ဘာသူတို့ ပြန်ဆွဲတင်မယ်ဆိုတော့ ကျနော်တို့တွေ ပြန်လာခဲ့ပါတယ် "လို.ပြောတာပါ။ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးကားပေါ် မှာ ယာဉ်မောင်းအပါအဝင် ဘုရားဖူး ၁၂ ဦးလိုက်ပါလာပြီး ညနေ ၆ နာရီအချိန်လောက်မှာ ကျောက်ချောင်း ကျေးရွာအနီး ကားစီရာရင်တိုက်လော့ပြုတ်ထွက်ကာ တံတားလက်တန်းကိုတိုက်မိပြီး လမ်းဘေးထိုးကျခဲ့တာလို့ ဒေသခံ ဦးညီပုက ပြောပါတယ်။ "အဲ့ကားက ခရီးသည်လိုင်းဆွဲနေတာ၊ ခုလည်း သဘောင်္ဆိပ်ကနေ ခရီးသည်တွေတင်ပြီးထွက်လာတယ် ပြောတယ်၊ ဖြစ်တာက သူကရပ်ထားတဲ့ ကားကို ကျော်တက်လိုက်တာ အဲ့မှာအရှိန်မထိန်းနိုင်ဘဲ တံတားလက်ရမ်းကိုတိုက်မိပြီး လမ်းဘေးထိုးကျတာ။"  အဆိုပါဘုရားဖူးယာဉ် လမ်းဘေးထိုးကျခဲ့ပြီး ကားပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် အမျိုးသမီး ၃ ဦး ဖူးရောင် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့လို့ ကျောက်ချောင်းတိုက်နယ်ဆေးရုံကို ဒေသခံပရဟိတလူမှုကူညီရေးအသင်းကားတွေနဲ့ ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံပို့ဆောင်ပြီး ဆေးကုသမှုခံယူခဲ့ရတဲ့ အမျိုးသမီး ၃ ဦးဟာ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိတာမလို့ ညပိုင်းမှာ ဆေးရုံကပြန်ဆင်းပြီး မော်တင်စွန်းဘုရားဖူးဖို့အတွက် ဆက်လက်ထွက်ခွာသွားတယ်လို့သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago

October 4, 2019

ဘုရားဖူးကားပေါ် အင်္ဂလိပ်လို ရှင်းပြနေသည့် သနပ်ခါးနှင့် ကလေးငယ် (ရုပ်သံ)

သွားလာလည်ပတ်စရာ နေရာတွေ များပြားလွန်းတဲ့ မြန်မာနိုင်ငံမှာ လက်ညှိုးထိုး မလွဲတဲ့ ဘုရားကျောင်းကန်စေတီပုထိုးတွေဟာလည်း မရေမတွက်နိုင်အောင် ရှိနေပါ တယ်။ ဘုရားဖူးသွားရတာ မခက်ခဲလှပေမယ့် ဘုရားသမိုင်းနောက်ခံ အကြောင်းအချက် အလက်တွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ကလည်း အတော့်ကို မလွယ်ကူတဲ့ ကိစ္စတခုပါပဲ။ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍမှာတော့ နိုင်ငံတကာ ကမ္ဘာ လှည့်ခရီးသွားတွေကိုရော ပြည်တွင်းခရီးသွားတွေကိုပါ ထိရောက်တဲ့ အခန်းကဏ္ဍက ပါ ဝင်ကူညီနေသူတွေကတော့ လိုင်စင်ရဧည့်လမ်းညွှန်တွေ၊ ဒေသခံဧည့်လမ်းညွှန်တွေ ဖြစ်နေပါတယ်။ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်ဆိုတဲ့ ဆိုရိုးနဲ့ ထင်ရှားတဲ့ ပုဂံမှာတော့ ဘုရား တွေရဲ့ သမိုင်းကြောင်းကို ရေရေလည်လည် ရှင်းလင်းပြောပြနိုင်တဲ့ ကလေးငယ်တွေ ဟာလည်း တထောင့်တနေရာက ပါဝင်နေပါတယ်။ ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘုရားဖူးကားပေါ် ခရီးသွားတွေကို မွန်မွန်ရည်ရည် ရှင်းပြနေတဲ့ သနပ်ခါးနဲ့ ဂိုက်ထ်ကလေးငယ်ကောင်လေးတယောက်ကို တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ဒေသသံဝဲဝဲနဲ့ မကြီးတို့၊ အန်တီကြီးတို့၊ ဦးဦးတို့၊ ကိုကြီးတို့က အင်္ဂလိပ် လို ရှင်းပြီးသားကို နားမလည်ရင် မြန်မာလို ဘာသာပြန်ပြပေးမယ်လေဆိုပြီး အစချီပြော ကာ ဘုရားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဖြစ်တဲ့ ရွှေဆံတော်ဘုရားပြိုကျ ပျက်စီးမှုကအစ၊ မနူဟာဘုရင်ဟာ မြန်မာဘုရင်မဟုတ်ဘဲ မွန်ဘုရင်ဖြစ်တယ်ဆိုတာ တွေထိ အင်္ဂလိပ်လို၊ မြန်မာလို သွက်သွက်လက်လက် ရှင်းပြသွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖြိုးဝေထွန်းအမည်နဲ့ အသုံးပြုတဲ့ ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။ “ကိုယ်ဒေ Amazing Power Travel & Tours ရဲ့ guide လေးတွေက အင်္ဂလိပ်လို ရှင်းတာ ပါဆို” ရှပ်အင်္ကျီအဖြူရောင်နဲ့ ပုဆိုးလေးကို တွဲဖက်ဝတ်ဆင်ထားပြီး လွယ်အိတ်လေးတ လုံးစလွယ်သိုင်းလွယ်ထားတဲ့ ကလေးငယ်ရဲ့ သွက်လက်ချက်ချာမှုအပေါ် မှတ်ချက်ပေး သူတွေက ချီးကျူးမှတ်ချက်တွေ ပေးနေကြပြီး သဘောကျနေကြတာပါ။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up