ဘုရာကျောင်

July 18, 2020

ပြင်သစ်နိုင်ငံ နိစ်မြို့ရှိ ၁၅ ရာစုက ဘုရာကျောင်း မီးလောင်

ပြင်သစ်အနောက်ပိုင်း နိစ်မြို့က ဘုရားရှစ်ခိုးကျောင်း တစ်ခုအတွင်းမှာ ဇူလိုင်လ ၁၈  ရက် မနက်ပိုင်းက မီးလောင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးပမ်းငြှိမ်းသတ်ခဲ့ပါတယ်။  ၁၅ ရာစုအဆောက်အအုံ စိန့်ပီယာနဲ့ စိန့်ပေါလ်ဘုရားကျောင်း မီးလောင်ခဲ့တာဖြစ်ပြီး ဒီမီး လောင်မှုဟာ ပဲရစ်မြို့က  နိုထရီဒမ်းဘုရားကျောင်း အကြီးအကျယ် မီးလောင်ပြီး တစ်နှစ်အကြာ   မှာဖြစ်ခဲ့တာပါ။  နိုထရီဒမ်းမီးလောင်မှုကြောင့် ဘုရားကျောင်း ခေါင်မိုးနဲ့ခေါင်ချွန်း ပျက်စီးခဲ့ပါတယ်။  စိန့်ပီယာနဲ့ စိန့်ပေါလ်ဘုရားကျောင်းဟာ အခုမှ ပထမဆုံးအကြိမ်မီးလောင်တာ မဟုတ်ပါ ဘူး။  ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ်တုန်းကလည်း မဟာမိတ်တွေ ဗုံးကြဲတာကြောင့် ဘုရားကျောင်း တစိတ်တပိုင်း ပျက်စီးခဲ့ဖူးပါတယ်။  အလားတူ ၁၉၇၂ ခုနှစ်ကလည်း မီးလောင်တာကြောင့် ဘုရားကျောင်းခေါင်မိုး ပျက်စီးခဲ့ဖူး ပါတယ်။ အဲဒီနောက် ၁၃ နှစ်အကြာမှာ ပြန်တည်ဆောက်ခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။
10 months Ago
Up