ဘုရင်စနစ်

November 19, 2020

ဘုရင်စနစ်ကို ထိခိုက်နိုင်သည့် ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက် ထိုင်းအမတ်များပယ်ချ

ဘုရင်စနစ်ကို ထိခိုက်နိုင်တဲ့ ဖွဲ့စည်းပုံပြင်ရေး အဆိုပြုချက်ကို ထိုင်းလွှတ်တော်အမတ်တွေ က နိုဝင်ဘာ ၁၈ ရက်မှာ ပယ်ချလိုက်ပါတယ်။  ဖွဲ့စည်းပုံပြင်ဆင်ဖို့ နည်းလမ်း ၇ သွယ်ကို လွှတ်တော်အမတ်တွေက ထောက်ခံခဲ့ပါတယ်။ ဇူလိုင်လကစလို့  မြို့တော်ဘန်ကောက်မှာ  ဝန်ကြီးချုပ် ချန်အိုချာကို  ရာထူးက ဖယ်ရှားရေး နဲ့  ဘုရင့်အာဏာကန့်သတ်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။  ဘုရင်စနစ်ကို မထိခိုက်စေဘဲ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးခွင့်ပြုတဲ့ အဆိုပြုချက် နှစ်ရပ်ကိုတော့ လွှတ်တော်က လက်ခံခဲ့ပါတယ်။  ဒါပေမဲ့  ထိုင်းလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့  iLaw က တင်သွင်းတဲ့ အဆိုပြုချက်ကတော့ ဆွေးနွေးဖို့ လိုအပ်တဲ့ သတ်မှတ်အဆင့်ကို မပြည့်မီခဲ့ပါဘူး။ အကြောင်းကတော့ ဝန်ကြီးချုပ် ချန်အိုချာ ထောက်ခံသူတွေက လွှတ်တော်ထဲမှာ နေရာအများစု ရထားလို့ပါ။ အထက်လွှတ်တော်တခုလုံးကို ချန်အိုချာ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တွေက ခန့်အပ်ထားတာဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  
5 months Ago
Up