ဘုရင်

October 14, 2020

မလေးရှားဝန်ကြီးချုပ် ဖြုတ်ချရေး ဘုရင်ကို အချိန်ပေးသင့်ဟု အတိုက်အခံအခေါင်းဆောင် ပြော

လက်ရှိမလေးရှားဝန်ကြီးချုပ် မာယစ်ဒင်ယာဆင်ကို ဖြုတ်ချဖို့အတွက် မလေးရှား ဘုရင်ကို အချိန်လုံလောက်အောင် ပေးသင့်တယ်လို့ မလေးရှား အတိုက်အခံခေါင်းဆောင် အန်နဝါအီဗရာဟင်မ်က အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။ ဝန်ကြီးချုပ် ဖြုတ်ချရေးကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ထောက်ခံမှုကို ပြသဖို့၊ တင်ပြထားတဲ့ စာရွက်စာတမ်းတွေကို လေ့လာဖို့နဲ့ ပါတီခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဘုရင်ကို အချိန်ပေးဖို့ မလေးရှားမြို့တော် ကွာလာလမ်ပူက သတင်းစာရှင်းလင်းပွဲမှာ အန်နဝါအီဗရာဟင်မ်က ပြောသွားတာပါ။   “အမြင်တွေ အားထုတ်မှုတွေကို လက်ခံ အတည်ပြုဖို့၊ ပါတီခေါင်းဆောင်တွေကို ဆော်သြရေးနဲ့ စာရွက်စာတမ်းတွေကို လေ့လာဖို့ အခြေခံဥပဒေအောက်မှာ ဘုရင်က သူ့တာဝန်တွေကို ထမ်းဆောင်ဖို့၊ နေရာပေးရေး ပါတီအားလုံးကို ကျနော် တိုက်တွန်းပါတယ်။”  အန်နဝါဟာ မလေးရှားဘုရင်နဲ့ အောက်တိုဘာ ၁၃ ရက် မနက်မှာ တွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်ဖွဲ့ဖို့ လွှတ်တော်အမတ် စုစုပေါင်း ၂၂၂ နေရာအနက် လူများစု အယောက် ၁၂၀ ရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားပြီးပြီလို့လည်း အန်နဝါက အရင်လက ပြောပါတယ်။ တကယ်လို့ အန်နဝါသာ ဝန်ကြီးချုပ် ဖြစ်လာရင် မလေးရှားဟာ ဒီနှစ် တနှစ်ထဲမှာ ဝန်ကြီးချုပ် ၃ ဆက်ပြောင်းပြီး တတိယမြောက် ဝန်ကြီးချုပ်ကို ရရှိမှာ ဖြစ်ပါတယ်။
7 months Ago
Up