ဘုရင်သစ်

A d v e r t i s e m e n t With Us

July 28, 2019

မလေးရှား ဘုရင်သစ် နန်းတက်ပွဲ ဇူလိုင် ၃ဝ တွင် ကျင်းပမည်

မလေးရှားနိုင်ငံမှာ ဘုရင်သစ် အယ်လ်ဆူလ်တန် အဗ်ဒူလာရဲ့ နန်းတက်ပွဲကို ဇူလိုင် ၃၀ မှာ ကျင်းပတော့မှာပါ။ မလေးရှားနိုင်ငံ စည်းမျဉ်းခံ ဘုရင်စနစ်ရဲ့ ၁၆ ယောက်မြောက်ဘုရင်ကို ဇန်နဝါရီလက ရွေးချယ်ခဲ့ပါတယ်။ ဘုရင်ဟောင်း စူလ်တန် မူဟမ်မဒ်က ၂ နှစ်ကြာ နန်းစံအပြီး မလေးရှား စည်းမျဉ်းခံ ဘုရင်စနစ်အတွင်း ပထမဆုံးအနေနဲ့ နန်းစွန်ခဲ့ပါတယ်။ နန်းစွန့်ရတဲ့ အကြောင်းရင်းကို မဖော်ပြခဲ့ပါဘူး။ အခု နန်းတက်မယ့် ဘုရင်သစ် အဗ်ဒူလာဟာ အရင်က အာရှဘောလုံးအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ဖူးပါတယ်။ သူဟာ မလေးရှား ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို ပါဟန်းပြည်နယ်ရဲ့ နန်းထိန်းစော်ဘွားအဖြစ် ၂ ကြိမ် တာဝန် ထမ်းဆောင်ဖူးပါတယ်။ စူလ်တန်အာမဒ်ရှားရဲ့ သားကြီးဖြစ်သူ ဘုရင်သစ် အဗ်ဒူလာဟာ ၁၉၅၉ ဇူလိုင် ၃၀ မှာ မွေးပါတယ်။ ဇနီး ၂ ယာက် သားသမီး ၉ ယောက်နဲ့ မွေးစားသား တယောက်လည်း ရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အရ တော်ဝင်အိမ်တော် ၉ အိမ်ကနေ ဘုရင်တပါးစီ အလှည့်ကျ မဲပေး ရွေးချယ်ကြပါတယ်။ ဘုရင်တပါးအတွက် နန်းသက် ၅ နှစ်သတ်မှတ် ထားပါတယ်။ မွတ်စလင် လူများစုရှိတဲ့  မလေးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်သူနဲ့ ပွဲတက်အခန်းကဏ္ဍအတွက် ဘုရင်က အရေးပါတယ်လို့ ယူဆကြပါတယ်။
2 years Ago

December 4, 2016

ဘုရင်သစ် ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဖေ့စ်ဘွတ်ခ်ပေါ် ဖြန့်ဝေသည့် ထိုင်းကျောင်းသား ဖမ်းခံရ

ထိုင်းဘုရင်အသစ် အကြောင်းနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ သတင်းလင့်ခ်ကို ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ဖြန့်ဝေခဲ့လို့ ပိုင်ဒါအိုဒင်လို့ လူသိများတဲ့ တက်ကြွလှုပ်ရှားသူ ကျောင်းသားကို ဒီဇင်ဘာလ ၃ ရက်နေ့က ချိုင်ရက်ဖူမ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဘုရင်အသစ် မဟာဗီဂျရာလောင်ကွန်းအကြောင်း ရေးထားတဲ့ အငြင်းပွားဖွယ်ရာ ဘီဘီစီရဲ့ ထိုင်းဘာသာစကား ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှသတင်းကို ထိုင်းကျောင်းသား ဂျတူပက်ပိုင်ဒါအိုဒင်က ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တစ်ဆင့်ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထိုင်းဘုရင်ကြီး ဘူမိဘော ကံတော်ကုန်ပြီး ဘုရင်အသစ်ကို နန်းတင်မဲ့သတင်းတွေ အတည်ပြုပြီးတဲ့နောက် ထိုင်းဘုရင်အသစ်နဲ့ပတ်သက်တဲ့သတင်းကို ရေးသားပြီးတင်ထားခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ Lese Majeste Law လို့ခေါ်တဲ့ ဘုရင်၊ မိဖုရားအစရှိတာတွေကို ဂုဏ်သရေ ညှိုးနွမ်းအောင်လုပ်တာ၊ စော်ကားတာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် တရားစွဲဆိုတဲ့ ရာဇသတ်ဥပဒေပုဒ်မ ၁၁၂ နဲ့ The Khaon Kaen University မှ ဥပဒေကျောင်းသားကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ကျောင်းသားက ဖွန်ချန်ဘုန်းကြီးကျောင်းမှာ ဘာသာရေးပွဲတခု တက်ရောက်နေလို့ အဲဒီဘုန်းကြီးကျောင်းကနေ သူ့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ ကျောင်းသားကိုဖမ်းဆီးဖို့ ခွန်ကဲန်ခရိုင်တရားရုံးက ဖမ်းဝရမ်းခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ “ဒီသတင်းကို လူတွေအများကြီးက အကြိမ်ပေါင်းများစွာ ဖြန့်ဝေခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ မစ္စတာ ဂျတူပက်က အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့သမိုင်းရှိတာကြောင့် ဖြစ်နိုင်တယ်” လို့ ဥပေဒေစောင့်ကြည့်ရေးအဖွဲ့က အေနွန်ချဝါလဝန်က ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ မူရမ်ခွန်ကဲန်ရဲနဲ့အတူ ရဲအရာရှိ ပီတက်ပိုချူဆရီက မစ်စ်တာဂျတူပက်ကို အမှုဖွင့်ခဲ့တယ်လို့ Human Rights Centre ရဲ့ ထိုင်းရှေ့နေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ အစိုးရက စီစဉ်နေတဲ့ ပြန်လည်ပြုပြင်ရေးအတွက် လူတွေဘာကြောင့် “မဲမပေးသင့်လဲ” ဆိုတာနဲ့ပတ်သက်ပြီး စာထုတ်ဖြန့်ဝေခဲ့လို့ အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြုပြင်ရေးအတွက် မဲပေးပွဲမတိုင်မီတရက်အလို သြဂုတ်လ ၆ ရက်နေ့မှာ မစ်စတာဂျတူပက်ကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပါသေးတယ်။ သူ့ကို အယူခံပေးပေမယ့် သူကငြင်းခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီနောက် အစာငတ်ခံဆန္ဒပြခဲ့လို့ သူ လွတ်မြောက်ခဲ့တယ်၊ နောက်ပြန်အဖမ်းခံရပြီး အကျဉ်းထောင်ထဲမှာ ၂ ပတ် ဖမ်းဆီးထိန်းသိမ်းခံရကာ နောက်ဆုံး အယူခံနဲ့လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် မကြာခင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ တက်ရောက်လာတဲ့ အခမ်းအနားတခုမှာ မစ္စတာဂျတူပက်နဲ့ သူငယ်ချင်းတွေဟာ လက်သုံးချောင်းထောင်ပြီး အလေးပြုတဲ့ ဆန့်ကျင်ဆန္ဒပြတဲ့ အမှတ်အသား လုပ်ဆောင်ခဲ့လို့ လူထုရဲ့အာရုံစိုက်မှု စတင်ရခဲ့တာလို့လည်း သိရပါတယ်။
4 years Ago
Up