ဘုရင့်နောင်လမ်းသပိတ်

March 9, 2021

အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်းသပိတ် စစ်တပ်နဲ့ရဲ စတင်ဝင်ရောက်

ရန်ကုန် အင်းစိန် ပေါက်တောဝမှာ မတ်လ ၉ ရက် မနက် ၁၀ နာရီလောက်က  လူငယ်တွေရဲ့ မနက်ပိုင်းသပိတ်စတင်ပြီး မကြာခင်မှာပဲ စစ်တပ်နဲ့ရဲ ဝင်ရောက်လာပါတယ်။

စစ်ကား ၄ စီး၊ ရဲကား ၂ စီး၊ Double Cab ကားတစ်စီးနဲ့ဝင်ရောက်လာတာဖြစ်ပြီး သပိတ်မှောက်လူငယ်တွေဟာ လူစုခွဲပြီး ရပ်ကွက်လမ်းတွေထဲ ဝင်ပြေးခဲ့ရပါတယ်။ 

အင်းစိန်ပေါက်တောဝ၊ ဘုရင့်နောင်လမ်းသပိတ်ကို မတ်လ ၃ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး မတ်လ ၈ ရက်နေ့အထိ စုစုပေါင်း လူငယ် ၅၀ လောက် အဖမ်းခံထားရပါတယ်။

2 years Ago
Up