စပါးနောက်ခံလူ ဒယ်နီရို့စ်ကိုခေါ်ဖို့ ဘုန်းမောက်နဲ့ဝက်ဖို့ဒ်အသင်းတို့ အပြိုင်အဆိုင်ဖြစ် နေပါတယ်။
အင်္ဂလန်နောက်ခံလူ ဒယ်နီရို့စ်ဟာ နည်းပြ မော်ရင်ဟိုရဲ့လက်ထက်မှာ အဆင်မပြေဖြစ်နေပြီး ၁၈ လစာချုပ်ပဲ ကျန်ရှိတော့တာပါ။
စပါးအသင်းဘက်ကလည်း ထွက်ခွာခွင့်ပြုဖွယ်ရှိတာကြောင့် အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ်ဖို့ရှိတယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်ဘယ်နောက်ခံလူ ဒယ်နီရို့စ်ဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးခဲ့တာပါ။
အခုနှစ်ရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် ၁၂ ပွဲကစားထားတဲ့ ဒယ်နီရို့စ်ဟာ ၂၀၀၇ ခုနှစ်က လိဒ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
1 year Ago