ဘုန်းကြီးကျောင်းတိုက်အတွင်းက လောင်းကစားဒိုင်​ကို ဝင်ရောက်ဖမ်းဆီး

January 24, 2019

ဘုန်းကြီးကျောင်းတိုက်အတွင်းက လောင်းကစားဒိုင်​ကို ဝင်ရောက်ဖမ်းဆီး

မန္တလေးတိုင်း​ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက ဆင်တဲဘုန်းကြီး ကျောင်းတိုက်အတွင်းက ဘောလုံး၊ နှစ်လုံး၊ သုံးလုံး ​ရောင်းချ​နေတဲ့ လောင်းကစားဒိုင်​ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမ်းအေးသာစံမြို့နယ် သံဃမဟာနာယက အဖွဲ့နဲ့အတူ သာသနာတော် ထိန်းသိမ်းစောင့်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်​။ ဆင်တဲဘုန်းကြီးကျောင်းတိုက်အတွင်းက အရှေ့ဆင်တဲတိုက်အုပ်ကျောင်းအတွင်းမှာ လောင်းကစားဒိုင် ပြုလုပ်​နေကြတဲ့ ဦးညီညီလွင်နဲ့ မသဇင်ခိုင်တို့ကို နှစ်လုံး သုံးလုံး ဘောလုံး လောင်းကစားရာမှာ အသုံးပြုတဲ့ ကျပ်သိန်း ၂၀၀ ​ကျော်​နဲ့ လောင်းကစားအသုံးပြုရာမှာ ပါဝင်တဲ့ လက်ပ်တော့ ၇ လုံး၊ ပရင်တာ ၁ လုံး၊ ငွေရေစက် ၁ လုံး၊ သံသေတ္တာ ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်​။ ကျောင်းတိုက်အတွင်းက ဓမ္မဂုဏ်ရည်ကျောင်းမှာ လောင်ကစားဒိုင်ပြုလုပ်သူတွေက ထွက်ပြေးတိမ်းရှောင်သွားပြီး ​ဘောလုံး နှစ်လုံး သုံးလုံး လောင်းကစားရာပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ ငွေစက္ကူရောရာတွေ သိန်းဂဏန်းနဲ့ လောင်းကစားအသုံးပြုရာမှာ သုံးခဲ့တဲ့ ကွန်ပျူတာလက်ပ်တော့ ၆ လုံးနဲ့ ဆက်စပ်ပစ္စည်းများဖြစ်​တဲ့ ပရင်တာ၁လုံးမီးစက်လက်ဆွဲ ၁ လုံး တို့ကိုလည်း ထပ်​မံသိမ်းဆည်းရမိခဲ့ပါတယ်​။ ချမ်းအေးသာစံမြို့နယ်သံဃာ့နာယက အဖွဲ့က အတွင်းရေးမှူးဆရာတော် ဥူးဓမ္မက “ဦးဇင်းတို့အနေနဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုရော၊ ဒိုင်လုပ်တဲ့သူတွေကိုပါ လွန်ခဲ့တဲ့ တလခွဲ လောက်ကနေစပြီး မလုပ်ဖို့ သတိပေးတယ်။ သုံးကြိမ်တိုင်ပြောတော့လည်း နားမထောင်တာနဲ့ အခုလေးကြိမ်မြောက်မှာ ဝင်ဖမ်းရတာပါ။ လူပုဂ္ဂိုလ်တွေကတော့ သက်ဆိုင်ရာ ရဲစခန်းကို အပ်လိုက်တယ်။ ကျောင်းထိုင်ဘုန်းကြီးတွေကိုတော့ မြို့နယ်သံဃနာယက ဆရာတော်ကြီးရဲ့ ဆုံးဖြတ်မိန့်ကိုတော့ စောင့်ရဦးမယ်”လို့ မိန့်​ကြားခဲ့ပါတယ်​။ အရှေ့ဆင်တဲကျောင်းတိုက်က ဆရာတော် ဥူးမာနိတနဲ့ ဓမ္မဂုဏ်ရည်ကျောင်းတိုက် ဆရာတော် ဥူးစန္ဒာသီရိတို့နှစ်ပါးကို​တော့ ချမ်းအေးသာစံမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ပညိန္ဒာဘိဝံသထံ အပ်​နှံပို့​ဆောင်​ခဲ့ပြီး ဥက္ကဋ္ဌဆရာတော်ကြီးက အဆိုပါကျောင်းထိုင် ဆရာတော်နှစ်ပါးကို လူဝတ်ချွတ်စေပြီး သာသနာညှိုးနွှမ်းစေမှုနဲ့ တရားရင်ဆိုင်ဖို ဆုံးဖြတ်ချက် မိန့်​ကြားခဲ့ပါတယ်​။ လောင်ကစားဒိုင်များဖြစ်တဲ့ ဦးညီညီလွင်နဲ့ မသဇင်ခိုင်တို့ကို အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၅၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅/၁၆ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထားခဲ့ပါတယ်။
2 years Ago
Up