ဘုန်းကြီးကျောင်း

October 27, 2018

ဘူးသီးတောင်ရှိ ဘုန်းကြီးကျောင်းများ အသစ်ပြန်ဆောက်ရန် ငွေကြေးထောက်ပံ့

ရခိုင်ပြည်နယ် ဘူသီး​တောင်​မြို့နယ်​ရှိ ပျက်​စီး​နေ​တဲ့ ဘုန်း​တော်​ကြီး​ကျောင်းတွေ ရေရှည်တည်တံ့စေရေးအတွက် အသစ်ပြန် တည်ဆောက်နိုင်ဖို့ ​နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့က ​​ငွေ​​ကြေး​ထောက်​ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ​    နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့မှ လှူဒါန်းလိုက်​တဲ့ ​အလှူ​ငွေတွေကို ဘူသီ​တောင်​မြို့နယ်​အတွင်းရှိ ​သပိတ်​​တော်​​ကျေးရွာ ဘုန်း​​တော်​ကြီး​ကျောင်းနဲ့ နန္စားတူ​ကျော်​ရံ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းတွေကို သွား​ရောက်​လှူဒါန်း​ပေးခဲ့ပြီး ကျန်​​ကျေးရွာများရှိ ဘုန်း​တော်​ကြီး​ကျောင်းတွေကို အောက်တိုဘာ ၂၇ မှာ ဆက်​လက်​သွား​ရောက်​လှူဒါန်းသွားမယ်လို့ ဘူသီး​တောင်​မြို့နယ်​ အမျိုးသားဒီ​မိုကရေစီပါတီ (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းက​ပြောပါတယ်​။ “ကျနော်​ ဒီ​နေ့ ​ကျေးရွာနှစ်​ရွာရှိ ဘုန်း​တော်​ကြီး​ကျောင်းများကို သွား​ရောက်​လှူ ဒါန်းနိုင်​ခဲ့ပါတယ်။ ကျန်​​ကျေးရွာများရှိ ဘုန်း​တော်​ကြီး​ကျောင်းများကို ဆက်​လက်​လှူဒါန်းသွားမှာပါ။ ဒီလိုလှူဒါန်းရတာက​တော ကျနော်တို့ ဘူးသီး​တောင်​မြို့နယ်​အတွင်းမှာရှိတဲ့ ပျက်​စီး​နေ​သော ဘုန်း​တော်​ကြီး​ကျောင်းများ ရေရှည်​တည်​တံခိုင်​မြဲဖို့နဲ့ အသစ်​ပြန်​လည်​တည်​​ဆောင်​နိုင်​​ရေးအတွက်​ ​နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က လှူဒါန်းလိုက်​တဲ့ငွေတွေကို သွား​ရောက်​လှူဒါန်းတာ ဖြစ်​ပါတယ်​” လို့ ​ပြောပါတယ်​။ နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က လှူဒါန်းလိုက်​တဲ့ ​​ဘူသီး​တောင်​မြို့နယ်​ထဲက ဘုန်း​တော်​ကြီး​ကျောင်​တွေကတော့ သပိတ်​​တော်​​ကျေးရွာ ဘုန်းတော်​ကြီး​ကျောင်းကို သိန်း(၃ဝဝ) နန္စားတူ​ ကျောက်​ရံ​​ကျေးရွာ ဘုန်​​တော်​ကြီး​ကျောင်းကို သိန်း(၂ဝဝ)၊ ကွမ်း​တောင်​​ကျေးရွာ ဘုန်း​​တော်​ကြီး​ကျောင်းကို သိန်း(၂ဝဝ)၊ အင်​ကြားမြိုင်​​ကျေးရွာ ဘုန်း​​တော်ကြီး​ကျောင်းကို သိန်​(၂ဝဝ) နဲ့ ဇီးဒုံ​ကျေးရွာ ရှိဘုန်း​တော်​ကြီး​ကျောင်းကို သိန်း(၁၈ဝ) တို့ကို အသီးသီးလှူဒါန်းသွားမှာ ဖြစ်​တယ်​လို့ သိရပါတယ်။ ဗညား
2 years Ago

July 6, 2018

ပြည်မြို့တွင် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မီးလောင်၍ သီလရှင် ၁ပါး မီးသင့်ကွယ်လွန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မီးကြွင်းမီးကျန်တွေကြောင့် ဘုန်းကြီးကျောင်း ဆွမ်းစား ဆောင်တဆောင် မီးလောင်ကျွမ်းခဲ့ပြီး သီလရှင်တပါး မီးသင့် ကွယ်လွန်သွားပါတယ်။ ဇူလိုင် ၆ ရက် ည၁၂နာရီ ဝန်းကျင်လောက်မှာ  ပြည်မြို့၊ ရွာဘဲရပ်ကွက် ဖက်တန်းရပ်ထဲက ဥယျာဉ်စု ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ  မီးလောင်ခဲ့လို့ ဆွမ်းစားကျောင်း မီးထဲပါသွားပြီး သက်တော် ၈ဝကျော်ရှိ သီလရှင်တစ်ပါး မီးသင့်သွားခဲ့တာပါ။ ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအာကာစိုးမင်းက “မီးရှိန် ပြင်းပေမယ့် မီးသတ်တပ်ဖွဲ့တွေနဲ့ ရပ်ကွက်မီးသတ်တွေက မီးငြှိမ်းသတ်နိုင်တာကြောင့် ဆွမ်းစားကျောင်း တကျောင်းပဲ မီးထဲပါသွားခဲ့ပါတယ်။ အိမ်တွေက လမ်းပေါ်ကို ကျူးကျော် ဆောက်လုပ်ထားတာကြောင့် လမ်းတဘက်ကနေ အဲဒီဘုန်းကြီးကျောင်းထဲကို မီးသတ်ကားတွေ တော်တော်ခက်ခဲစွာနဲ့ ဝင်ခဲ့ရတယ်”လို့ ပြောပါတယ်။ မီးလောင်ကျွမ်းမှုကို ပြည်မြို့က မီးသတ်ကား ၆စီး၊ အရံမီးသတ်ယာဉ် ၁၂စီး ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပါတယ်။
3 years Ago
Up