ဘုန်းကြီး

December 13, 2018

တောတွင်း တရားကျင့်နေသည့် အိန္ဒိယဘုန်းကြီးတပါး ကျားသစ်တိုက်ခိုက်ခံရပြီး ပျံလွန်

အိန္ဒိယနိုင်ငံ၊ မဟာရက်ခ်ျထရာပြည်နယ် တောတွင်းတနေရာမှာ တရားကျင့်နေတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတပါးဟာ ကျားသစ်တိုက်ခိုက်ခံရပြီး ပျံလွန်တော်မူသွားပါတယ်။ ဘုန်းတော်ကြီး ရာအူးဝေါလ်ကီဟာ ကျားဘေးမဲ့ထိန်းသိမ်း ကာကွယ်တောတခု ဖြစ်တဲ့ တာဒိုဘာတောထဲက သစ်ပင်တပင်အောက်မှာ တရားထိုင်နေခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက အိန္ဒိယအခြေစိုက် ပီတီအိုင်သတင်းဌာနကို ပြောပါတယ်။ ဘုန်းတော်ကြီးဟာ အဲဒီတောနက်ထဲက ဘုန်းကြီးကျောင်းထဲက အတော်ဝေးဝေးမှာ တရားထိုင်ဖို့ သွားခဲ့ချိန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ သစ်တောဦးစီးဌာန တာဝန်ရှိသူတွေကတော့ ဘုန်းတော်ကြီးတွေကို တောနက် အတွင်းပိုင်းထိ မသွားရောက်ကြဖို့ သတိပေးထားခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီကျားသစ်ကို ခြေရာခံနိုင်ဖို့ ကြိုးစားနေပြီး “ကျနော်တို့မှာ လှောင်အိမ် ၂ ခုနဲ့ ထောင်ချောက်ကင်မရာတခု တပ်ဆင်ထားပြီးပါပြီ။ ဒီကျားသစ်ကို စိတ်ချရစေဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ” လို့ သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာရာဝါနီးက ပြောပါတယ်။ ပြည်နယ်အစိုးရကတော့ ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီး ဝေါလ်ကီရဲ့ ကျန်ရစ်သူ မိသားစုကို ရူပီးငွေ ၁ ဒသမ ၂ သန်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီး ဝေါလ်ကီကို ကျားသစ်က တိုက်ခိုက်နေတာကို ဘုန်းကြီးကျောင်းမှာ အတူသီတင်းသုံးတဲ့ ဘုန်းကြီးတပါးက ဆွမ်းကပ်ဖို့ သွားရောက်ချိန်မှာ မြင်တွေ့ခဲ့ပြီး ကူညီကယ်တင်နိုင်ဖို့ တခြားသူတွေကို ခေါ်ပြီး ပြန်လာခဲ့ချိန်မှာတော့ ပျံလွန်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ တာဒိုဘာတောတွင်းမှာ ကျားကောင်ရေ ခန့်မှန်းခြေ ၈၈ ကောင်လောက်ရှိနေပြီး တခြားသော တိရစ္ဆာန်တွေဖြစ်ကြတဲ့ ကျားသစ်တွေ၊ ဝက်ဝံတွေ၊ ခွေးအတွေလည်း အများစု နေထိုင်နေကြတာ ဖြစ်ပါတယ်။
2 years Ago

August 22, 2018

ဘုန်းကြီး၏ ရိုက်နှက်မှုကြောင့် ၉ နှစ်သား ကိုရင်လေး အသက်အန္တရာယ် စိုးရိမ်ရ

ထိုင်းနိုင်ငံမှာ ဘုန်းကြီးတပါးရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတဲ့ အသက် ၉ နှစ်အရွယ် ကိုရင်လေးတပါးဟာ ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစီးမှုတွေဖြစ်ကာ သတိလစ် မေ့မျောနေခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဖာဟိုပိုလ်ပါယူဟာဆီနာဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဝါဆူဆီရိဝါဆူရာက ဒီအခြေအနေဟာ အရေးတကြီး စိုးရိမ်ရပြီး ကိုရင်လေး ဝပ်ထနာပိုလ်ဆီဆာဝဒ်မှာ သွေးဖိအားတွေလည်း ကျနေခဲ့တယ်လို့ ပြောပါတယ်။ ဝပ်ထနာပိုလ်ဟာ ဝပ်ဒုန်ခမင် ဘုန်းကြီးကျောင်းမှာ ကျောင်းပိတ်ရက် ကိုရင်ဝတ်ဖို့ မိဘတွေက ပို့ဆောင်ထားခဲ့ချိန် ခုလိုဖြစ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ သြဂုတ် ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ဒါဟာ ထိုင်းလူမျိုးတွေအနေနဲ့ ရိုးရာမပျက် လုပ်ဆောင်မှုတခုသာဖြစ်ပြီး သူတို့ရဲ့ သားတွေကို ဘုန်းကြီးကျောင်းဆီ ပို့ဆောင်ကာ ငြိမ်းချမ်းမှုနဲ့ တကိုယ်ရေ စည်းကမ်းရှိစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မိခင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဆူခမ်ညာထွန်ညင်ကတော့ သားဖြစ်သူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကို တွေ့လိုက်ရချိန်မှာ ယူကျုံးမရ ဖြစ်မိပြီး အမြန်ဆုံး ပြန်လည်သတိရလာစေဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ကိုရင်လေးရဲ့ ညာဘက်လက်မောင်းနဲ့ ခါးရိုးတွေ ကျိုးနေခဲ့ပြီး ဦးခေါင်းမှာလည်း ဒဏ်ရာဒဏ်ချက်တွေ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ခုလို ဆိုးဝါးတဲ့ အခြေအနေ မတိုင်ခင်က ဘုန်းကြီးကျောင်းကို သွားချိန်မှာ သားဖြစ်သူရဲ့ ဒဏ်ရာတချို့ကို မြင်ခဲ့ပေမယ့် လိမ္မာအောင် သွန်သင်ဆုံးမမှုတခုလို့သာ ယူဆခဲ့ပြီး ခုတကြိမ်ကတော့ ဆိုးဝါးလွန်းတယ်လို့ ပြောလိုက်ပါတယ်။ “ဒါပေမယ့် ခုတကြိမ်ကတော့ ဘုန်းကြီးအနေနဲ့ လွန်လွန်ကျူးကျူး လုပ်လိုက်တာပဲ။ ကျမသားကို ခုလို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေမှုအတွက် ကျမ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။” လက်ရှိမှာတော့ ဒေသတွင်း လုခ်ကယ်ရဲစခန်းက ပြစ်မှုကျူးလွန်သူ ဘုန်းကြီး ဖရာဆတ်ပါချိုင်ဆူသီယာနိုကို လူဝတ်လဲစေပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူက ကိုရင်လေးကို ကျောင်းက ဝေယျာဝစ္စတွေ လုပ်ဆောင်ဖို့ ခိုင်းစေရာမှာ မနာခံလို့ အပြစ်ပေးတဲ့အနေနဲ့ ခုလို ရိုက်နှက်ဆုံးမခဲ့တာလို့ ပြောလိုက်ပြီး ကိုရင်လေးဟာ မနာခံတဲ့ ခေါင်းမာတဲ့ ကလေးတယောက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကိုရင်လေးကိုလည်း ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေကာ ပြစ်မှုထင်ရှားရင်တော့ ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ လုခ်ကယ်ရဲစခန်းမှ ဒုတိယရဲချုပ် အမ်မ်နတ်ချန်ဘူက ပြောပါတယ်။
3 years Ago
More News
Up