ဘုန်းမောက် (ရုပ်သံဟိုက်လိုက်)

September 10, 2017

မန်စီးတီး ၅-၀ လီဗာပူး၊ အာဆင်နယ် ၃-၀ ဘုန်းမောက် (ရုပ်သံဟိုက်လိုက်)

မနေ့ည ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ဂိုးပြတ်တွေနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးက လီဗာပူးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ အိမ်ရှင် မန်စီးတီးအတွက် ဦးဆောင်ဂိုးကို ၂၄ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူပါတယ်။ လီဗာပူးအသင်းဟာ ၃၇ မိနစ်လောက်မှာ လီဗာပူးတိုက်စစ်မှူး မာနေ အထုတ်ခံရလို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ အဲဒီနောက်ပိုင်းမှာ မန်စီးတီးကပဲ တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကို ဂျီးဆက်နဲ့ ဆာနေတို့က ၂ ဂိုးစီ သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီး တောင်ပံသမား ဒီဘရိုင်း ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ နိုင်ပွဲရတဲ့ မန်စီးတီးက ၁၀ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး လီဗာပူးကတော့ ၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ဘုန်းမောက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ၀ဲဘက်က ၂ ဂိုးနဲ့ လာကာဇက်က ၁ ဂိုး သွင်းယူပါတယ်။ ဒီပွဲမှာ ဒဏ်ရာကနေ တကျော့ ပြန်လာတဲ့ တိုက်စစ်မှူး ၀ဲဘက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲ အနိုင်ရတဲ့ အာဆင်နယ်က ၆ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပြီး ဘုန်းမောက်ကတော့ ရမှတ် မရှိသေးဘဲ အဆင့် ၁၉ မှာ ရှိနေပါတယ်။
4 years Ago
Up