ဘုန်းမောက် ၂-၁ မန်ယူ၊ မန်စီးတီး ၂-၁ ဆွမ်ဆီး (ရုပ်သံဟိုက်လိုက်)

December 13, 2015

ဘုန်းမောက် ၂-၁ မန်ယူ၊ မန်စီးတီး ၂-၁ ဆွမ်ဆီး (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၁၂ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲတွေမှာ မန်ယူအသင်းက ဘုန်းမောက်အသင်းကို ရှုံးနိမ့်သွားပြီး မန်စီတီးက ဆွမ်ဆီးကို အနိုင်ရရှိသွားပါတယ်။ အိမ်ရှင် ဘုန်းမောက်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲစစချင်း ၂ မိနစ်မှာပဲ ဂျူနီယာ စတိန်းလက်စ်က ၁ ဂိုးနဲ့ ဂျိုစ်ဟွာကင်းက ၅၄ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ဖလိုင်နီက ၂၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဘိုနီက ၂၆ မိနစ်မှာ ၁ ဂိုးနဲ့ ယာယာတိုရေးက မိနစ် ၉၀ မှာ ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဆွမ်ဆီးအသင်းအတွက် ချေပဂိုးကိုတော့ ဂိုမစ်က မိနစ် ၉၀ မှာပဲ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအရှုံးကြောင့် ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၄ မှာ ဆက်လက်ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းကတော့ ဒီပွဲအနိုင်ကြောင့် ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၁ ကို တက်လှမ်းနိုင်ခဲ့ပြီး ဆွမ်ဆီးအသင်းကတော့ ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။
7 years Ago
Up