ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဝင်ခွင့်ရသည့် မန်ယူ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

May 18, 2016

ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူပြီး ယူရိုပါလိဂ်ဝင်ခွင့်ရသည့် မန်ယူ (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ယူရိုပါလိဂ်ကို ၀င်ခွင့်ရသွားပါတယ်။ အိုးထရက်ဖိုဒ်မှာ သံသယရှိစရာ အထုတ်တထုတ်ကို တွေ့ရှိခဲ့ပြီး ဗုံးလန့်တဲ့ သတင်းကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး မေ ၁၈ ရက်မနက်ပိုင်းမှာ ကစားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၄၃ မိနစ်မှာ ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်မှူး ရွန်းနီက အဖွင့်ဂိုးစတင်သွင်းယူပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၄ မိနစ်မှာ ရပ်ခ်ျဖိုဒ်နဲ့ ၈၇ မိနစ်မှာ အက်ရှ်လေယန်းတို့က ဒုတိယနဲ့ တတိယဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။ ဘုန်းမောက်အတွက် နှစ်သိမ့်ဂိုးကိုတော့ မန်ယူက နောက်ခံလူ စမောလင်းက ကိုယ့်ဂိုးကိုယ်သွင်းမိရကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် မန်ယူက ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၃၈ ပွဲကစား ၆၆ မှတ်နဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ဘုန်းမောက်ကတော့ ၃၈ ပွဲကစား ၄၂ မှတ်နဲ့ နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။ ယူရိုပါလိဂ် ၀င်ခွင့်ရရှိခဲ့ပြီးဖြစ်တဲ့ မန်ယူအတွက်တော့ ၀င်ဘလေမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up