ဘုန်းမောက်

May 5, 2019

၂ ယောက်လျော့ စပါးက ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

မနေ့ည ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးက အဝေးကွင်းမှာ ဘုန်းမောက်ကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီပွဲရှုံးတာကြောင့် စပါးအသင်းဟာ အဆင့် ၃ နေရာနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်ရရေး မသေချာတဲ့ အနေအထားကို ရောက်ရှိသွားပါတယ်။ ဒီပွဲမှာ စပါးက နှစ်ယောက်အထုတ်ခံခဲ့ရလို့ ၉ ယောက်တည်းနဲ့ ကစားရပေမယ့်လည်း  ဘုန်းမောက်ဘက်ကို အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်းက ၄၃ မိနစ်နဲ့ နောက်တန်းသမား ဖွေရ်က ၄၈ မိနစ်တွေမှာ အထုတ်ခံခဲ့ရပါတယ်။ ဘုန်းမောက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ၉၁ မိနစ်မှာ အာကီက သွင်းယူပါတယ်။ ဒီပွဲရှုံးလို့ စပါး အမှတ် ၇၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရှိနေပြီး တပွဲလျော့ ချဲလ်ဆီးက ၆၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်ကတော့ ၄၅ မှတ်နဲ့ အဆင့် ၁၃ ကို တက်ရောက်သွားပါတယ်။
2 years Ago

February 10, 2019

လီဗာပူးက ဘုန်းမောက်ကို ဂိုးပြတ်နိုင်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီး လီဗာပူးအသင်းက ဘုန်းမောက်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ထားပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအတွက် အမှားမခံလို့ မရတော့တဲ့ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ မိန်း၊ ဂျော်ဂျင်ဟိုနဲ့ ဆာလက်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာပါ။ အမှတ်ပေးဇယားမှာတော့ လီဗာပူးအသင်းဟာ ၂၆ ပွဲကစား ရမှတ် ၆၅ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးကို ၃ မှတ်ဖြတ်ထားပါတယ်။ ဒီနေ့ညမှာတော့ မန်စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ဘုန်းမောက်အသင်းကတော့ ၂၆ ပွဲကစား ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
2 years Ago
More News
Up