ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ရပ်နားထားရ

August 7, 2019

ဘီးလင်းမြစ်ရေမြင့်တက်လာသဖြင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ရပ်နားထားရ

သြဂုတ်လဆန်းပိုင်းကစတင်ကာ မိုးရွာသွန်းမှုတွေကြောင့် တောင်ကျရေစီးဆင်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်ခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တချို့ ယာယီရပ်နားထားရပါတယ်။ ရန်ကုန် - မော်လမြိုင် ၃၅ အဆန်ရထားမှာ ပါလာတဲ့ ရထားစီးခရီးသည်  ၃၂၀ ကျော်က သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက တောင်စွန်းဘူတာကို ရောက်ရှိခဲ့ပြီး ခရီးသည် ၂၄၀ ကျော်ကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်သွားကာ ကျန်တဲ့ ခရီးသည်တွေကိုတော့ ဘီးလင်းမြို့နယ် (ရထက) အဖွဲ့က မှန်လုံကား ၂ စီး စီစဉ်ပေးခဲ့ရတယ်လို့ တောင်စွန်းဘူတာမှ ရုံပိုင်ကြီး ဦးခင်ညွန့်က ပြောပါတယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တောင်ကျရေစီးဆင်းခဲ့မှုကြောင့် မြန်မာ့မီးရထား ဘီးလင်းမြို့နယ်လမ်းပိုင်းက နှင်းပုလဲနှင့်ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ် ၁၁၈/၂၃မှ ၁၁၉/၄အ ကြားရှိ တံတားနံပါတ် BR-72(A) ရဲ့ ယာယီလမ်းလွှဲတာဘောင်မှာ တောင်ကျရေတိုက်စားခဲ့တဲ့အတွက် ပြုတ်ကျလုနီးပါးဖြစ်ကာ အစုံအဆန်ရထားတွေ ဖြတ်သန်းသွားလာဖို့ မသင့်တဲ့အတွက် သြဂုတ် ၆ရက်နေ့ည ၈ နာရီအချိန်ကစတင်ပြီး ခေတ္တယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။ အလားတူ လူဦးရေ ၂၂၀ ခန့်တင်ဆောင်လာတဲ့ ရန်ကုန်-မော်လမြိုင် ၁၇၅အ ဆန်ရထားမှာလည်း ဒီကနေ့မနက် ၁ နာရီက နှင်းပုလဲဘူတာကိုရောက်ရှိလာပြီး ရပ်နားထားခဲ့ရပြီး နှင်းပုလဲဘူတာမှ မော်လမြိုင်သို့ ပြန်လည်ထွက်ခွာဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဘီးလင်းမြို့နယ်ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြန်မာ့မီးရထား ခရီးစဉ်ရပ်နားမှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့မှာလည်း ဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့အထိ စောင့်ဆိုင်းခဲ့ရတယ်လို့ တောင်စွန်းဘူတာရုံမှတ်တမ်းတွေအရ သိရပါတယ်။ ယူမင်းစိုး
ဘီးလင္းျမစ္ေရျမင့္တက္လာသျဖင့္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္တခ်ိဳ႕ ရပ္နားထားရ DVB ၾသဂုတ္လဆန္းပိုင္းကစတင္ကာ မိုး႐ြာသြန္းမႈေတြေၾကာင့္ ေတာင္က်ေရစီးဆင္းၿပီး ဘီးလင္းျမစ္ေရ ျမင့္တက္ခဲ့တာေၾကာင့္ ရန္ကုန္-ေမာ္လၿမိဳင္ ရထားခရီးစဥ္တခ်ိဳ႕ ယာယီရပ္နားထားရပါတယ္။ ရန္ကုန္ - ေမာ္လၿမိဳင္ ၃၅ အဆန္ရထားမွာ ပါလာတဲ့ ရထားစီးခရီးသည္ ၃၂၀ ေက်ာ္က ၾသဂုတ္ ၇ ရက္ေန႔ မနက္ပိုင္းက ေတာင္စြန္းဘူတာကို ေရာက္ရွိခဲ့ၿပီး ခရီးသည္ ၂၄၀ ေက်ာ္ကေတာ့ ကိုယ့္အစီစဥ္နဲ႔ကိုယ္ ျပန္သြားကာ က်န္တဲ့ ခရီးသည္ေတြကိုေတာ့ ဘီးလင္းၿမိဳ႕နယ္ (ရထက) အဖြဲ႕က မွန္လုံကား ၂ စီး စီစဥ္ေပးခဲ့ရတယ္လို႔ ေတာင္စြန္းဘူတာမွ ႐ုံပိုင္ႀကီး ဦးခင္ၫြန႔္က ေျပာပါတယ္၊ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္မွာ ေတာင္က်ေရစီးဆင္းခဲ့မႈေၾကာင့္ ျမန္မာ့မီးရထား ဘီးလင္းၿမိဳ႕နယ္လမ္းပိုင္းက ႏွင္းပုလဲႏွင့္ဒုံဝန္းဘူတာအၾကား မိုင္တိုင္အမွတ္ ၁၁၈/၂၃မွ ၁၁၉/၄အ ၾကားရွိ တံတားနံပါတ္ BR-72(A) ရဲ႕ ယာယီလမ္းလႊဲတာေဘာင္မွာ ေတာင္က်ေရတိုက္စားခဲ့တဲ့အတြက္ ျပဳတ္က်လုနီးပါးျဖစ္ကာ အစုံအဆန္ရထားေတြ ျဖတ္သန္းသြားလာဖို႔ မသင့္တဲ့အတြက္ ၾသဂုတ္ ၆ရက္ေန႔ည ၈ နာရီအခ်ိန္ကစတင္ၿပီး ေခတၱယာယီပိတ္ထားခဲ့တာျဖစ္ပါတယ္။ အလားတူ လူဦးေရ ၂၂၀ ခန႔္တင္ေဆာင္လာတဲ့ ရန္ကုန္-ေမာ္လၿမိဳင္ ၁၇၅အ ဆန္ရထားမွာလည္း ဒီကေန႔မနက္ ၁ နာရီက ႏွင္းပုလဲဘူတာကိုေရာက္ရွိလာၿပီး ရပ္နားထားခဲ့ရၿပီး ႏွင္းပုလဲဘူတာမွ ေမာ္လၿမိဳင္သို႔ ျပန္လည္ထြက္ခြာဖို႔အတြက္ မြန္ျပည္နယ္အစိုးရအဖြဲ႕က စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။ ဘီးလင္းၿမိဳ႕နယ္ရွိ ဘီးလင္းျမစ္ေရျမင့္တက္လာမႈေၾကာင့္ ျမန္မာ့မီးရထား ခရီးစဥ္ရပ္နားမႈကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၂၇ ရက္ေန႔မွာလည္း ျဖစ္ပြားခဲ့ၿပီး ၾသဂုတ္ ၃၁ ရက္ေန႔အထိ ေစာင့္ဆိုင္းခဲ့ရတယ္လို႔ ေတာင္စြန္းဘူတာ႐ုံမွတ္တမ္းေတြအရ သိရပါတယ္။
2 years Ago
Up