ဘီးလင်းတမြို့လုံးနီးပါး ရေလွှမ်းမိုးမှုအခြေနေ ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို မေးမြန်းချက် (ရုပ်သံ)

July 29, 2018

ဘီးလင်းတမြို့လုံးနီးပါး ရေလွှမ်းမိုးမှုအခြေနေ ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို မေးမြန်းချက် (ရုပ်သံ)

မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေကြီးတာတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်စခန်း ၁၆၃ ခု အိမ်ထောင်စုပေါင်း ၁၁၆၅၁ စုနဲ့ လူပေါင်း ၅၄၂၉၇ ဦးတို့ ရေဘေးဒုက္ခခံစားနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်ထားပါ။ မွန်ပြည်နယ်မှာတော့ ဘီးလင်းမြို့ဟာ တမြို့လုံးနီးပါး ရေလွှမ်းမိုးမှုဒဏ် ခံနေရတာပါ။ ဘီးလင်းမှာ ရေဘေးသင့်ပြည်သူ ၁ သောင်းနီးပါးအတွက်  ကယ်ဆယ်ရေးစခန်း ၄ဝ လောက် ဖွင့်လှစ်ထားရပါတယ်။ အဝေးပြေးကားလမ်းကိုလည်း ပိတ်ထားတာကြောင့် ခရီးသွားပြည်သူတွေ ပိတ်မိနေသလို ကုန်စည် ပို့ဆောင်မှုအတွက် အခက်အခဲ ဖြစ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံကို ဒီဗွီဘီသတင်းထောက် ညီငယ်က ဘီးလင်းမြို့မှာ သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်
3 years Ago
Up