ဘီးတဲလ်

A d v e r t i s e m e n t With Us

April 11, 2020

ဘီးတဲလ်တေးဂီတအဖွဲ့ဝင်ဟောင်း ရေးသည့်သီချင်း ဒေါ်လာ ၉ သိန်းကျော်ဖြင့် ရောင်းချ

ဘီးတဲလ်တေးဂီတအဖွဲ့ဝင်ဟောင်း ပေါလ်မက္ကာတနေးရဲ့ ၁၉၆၈ ကရေးသားထားတဲ့ နာမည်ကျော် "Hey Jude" သီချင်းရဲ့လက်ရေးမူကို ဒေါ်လာ ကိုးသိန်းတစ်သောင်းနဲ့ လေလံ တင်ရောင်းချလိုက်ရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ၁၉၆၈ ခုနှစ်က လန်ဒန်က ထရစ်ဒန့်စတူဒီယိုမှာ အသုံးပြုခဲ့တဲ့ အဲဒီသီချင်းလက်ရေးမှတ်စု  ကို မူလကခန့်မှန်းချေပေါက်ဈေး ဒေါ်လာ တစ်သိန်းခြောက်သောင်းလောက်ရမယ်လို့ မှန်းဆခဲ့ကြတာပါ။  ဂျူလီယန်အော့ရှင် လေလံကုမ္ပဏီက တင်ခဲ့တဲ့ အဲဒီ ဘီးတဲလ်အမှတ်တရပစ္စည်းများ လေလံပွဲမှာ ပစ္စည်းအမျိုးပေါင်း ၃၀၀ လောက် ပါဝင်ခဲ့ပြီး လီဗာပူးဘောလုံးကွင်းပုံ သစ်သားပြား ငယ်တခုကိုလည်း ဒေါ်လာ နှစ်သောင်းခွဲကျော်ဈေးနဲ့ ရောင်းချခဲ့ရပါတယ်။  ဒါ့အပြင် ဘီးတဲလ်အဖွဲ့တံဆိပ် ရိုက်နှိပ်ထားတဲ့ ဒရမ်ဟတ်ဒ်တလုံးကိုလည်း ဒေါ်လာနှစ်သိန်း၊ "Hello Goodbye" သီချင်း ဗွီဒီယိုရိုက်ရာမှာသုံးတဲ့ ဇာတ်ညွှန်းစာရွက်ကို ဒေါ်လာ ရှစ်သောင်း သုံးထောင့်နှစ်ရာ၊ အက်ဘေးစတူဒီယိုမှာတုန်းက ရင်ဂိုစတားအသုံးပြုခဲ့တဲ့ ဆေးလိပ်ပြာခွက်ကို ဒေါ်လာ သုံးသောင်းနှစ်ထောင့်ငါးရာနဲ့ အသီးသီး ရောင်းချနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
11 months Ago
Up