ဘီးတပ်ကုလားထိုင်ဖြင့် တံတားပေါ်မှ တွဲလောင်းချဆန္ဒပြသည့် မသန်စွမ်းအဖွဲ့

A d v e r t i s e m e n t With Us

March 10, 2016

ဘီးတပ်ကုလားထိုင်ဖြင့် တံတားပေါ်မှ တွဲလောင်းချဆန္ဒပြသည့် မသန်စွမ်းအဖွဲ့ (ရုပ်သံ)

ဘိုလီးဗီးယားနိုင်ငံမှ မသန်စွမ်းအဖွဲ့တဖွဲ့ဟာ လက်ရှိရရှိနေတဲ့ ထောက်ပံ့ကြေး ပိုမိုရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြို့လယ် ခုံးကျော်တံတား တစင်းပေါ်က ဘီးတပ်ကုလားထိုင်တွေနဲ့ တွဲလောင်းချကာ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဟာ လက်ရှိခံစားနေရတဲ့ နှစ်စဉ်ကြေး စတိုင်ပင် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာ ၁၄၄ မှ လစဉ်ကြေး အမေရိကန်ဒေါ်လာ ၇၂ တိုးမြင့်ရရှိလိုတာကြောင့် ခုလို သရုပ်ပြခဲ့ကြတာပါ။ သူတို့အဖွဲ့ဟာ မတ်လ ၈ ရက်နေ့က ကိုချာဘမ်ဘာမြို့၊ ဘလန်ကိုဂါလင်ဒို တံတားပေါ်မှာ သရုပ်ပြ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ သီတင်းပတ်ပေါင်းများစွာတည်းက ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့တဲ့လကလည်း ခုလို ဆန္ဒပြပွဲတခု လုပ်ခဲ့ကြပါသေးတယ်။ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ အဆိုအရ ဘိုလီးဗီးယား အစိုးရဟာ မသန်စွမ်းတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်း လျာထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကတော့ သူတို့အနေနဲ့ လက်ရှိခံစားခွင့် ရရှိနေတဲ့ စတိုင်ပင် ထောက်ပံ့ကြေးဟာ မလုံလောက်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒီသရုပ်ပြဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ပရိုင်မာ မန်နူရယ်က “ကျမတို့ အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံပြီး မသန်စွမ်းတွေနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ပါမယ်။ ဒါပေမယ့် ဆုံတွေ့ခွင့်မပေးဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျမတို့ ဒီလိုပဲ အသေခံပြီး ဆက်လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။
5 years Ago
Up