ဘီးတပ်ကုလားထိုင်သုံး သခင်ကို ခေါင်းဖြင့်တွန်းပြီး လိုက်ပို့သည့် ခွေးကလေး (ရုပ်သံ)

A d v e r t i s e m e n t With Us

April 2, 2016

ဘီးတပ်ကုလားထိုင်သုံး သခင်ကို ခေါင်းဖြင့်တွန်းပြီး လိုက်ပို့သည့် ခွေးကလေး (ရုပ်သံ)

ခွေးကလေးတွေဟာ ကောင်းမွန်တဲ့ အဖော်ဆိုတာထက်ကို ပိုပါတယ်။ တရုတ်နိုင်ငံ၊ ဟီနန်ခရိုင်မှ အသက် ၅၃ နှစ်အရွယ် အဖိုးအို ဒေါင်ဟွန်လျန်ဟာ မတော်တဆ ကားတိုက်မှုဖြစ်ခဲ့ပြီးနောက်မှာ လမ်းမလျှောက်နိုင်တော့ပဲ ဘီးတပ်ကုလားထိုင်ကို အသုံးပြုနေရသူပါ။ စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဒေါင်ကို စစ်တပ်က ခွေးကလေးတကောင် ပြီးခဲ့တဲ့ ၂ နှစ်လောက်က လက်ဆောင်အဖြစ် ပေးခဲ့ပြီးနောက်မှာတော့ ခွေးကလေးသာ သူ့ရဲ့ အဖော်ဖြစ်လာခဲ့ပြီး စိတ်ကျေနပ်မှုရခဲ့တယ်လို့ ဆိုပါတယ်။ အံ့သြစရာအစွမ်းရှိတဲ့ ခွေးကလေးဟာ ဒေါင်ရဲ့ ဘီးတပ်ကုလားထိုင်ကို ဦးခေါင်းနဲ့ တွန်းပြီး ရွေ့လျားစေနိုင်ပါတယ်။ အထူးသဖြင့် ပန်လောင်တောင်တန်းတွေဆီ လမ်းလျှောက်ထွက်ချိန်တွေမှာ ဖြစ်တယ်လို့ အဘိုးအို ဒေါင်ကပြောပါတယ်။ တောင်တန်းတွေတင်မကပဲ မြစ်ချောင်းတွေဆီ သွားချိန်တွေဆိုလည်း ခွေးကလေးဟာ မြစ်ကမ်းပါးဆီ အလိုက်သင့် ဆွဲခေါ်သွားနိုင်သူဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up