ဘီလ်ဘာအို

September 30, 2018

ဘီလ်ဘာအိုနှင့်သရေကျပြီး ဒုတိယနေရာ ဆင်းပေးခဲ့ရသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ အမှတ်မထင် သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။ ပထမပွဲထွက်လူစာရင်းမှာ မက်ဆီမပါဘဲ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟိုတို့နဲ့ ပွဲထွက်လာတဲ့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းနူးကမ့်မှာ ကစားခဲ့ရပေမယ့် ခြေစွမ်းပြနိုင်ခြင်းတော့ မရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်း၊ ဂိုးပေါက်တည့်မှု ၇ ကြိမ်ထိ ရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပထမပိုင်းပြီးခါနီးမှာ ဘီလ်ဘာအိုအသင်းရဲ့ ညာနောက်ခံလူမားကိုစ့်ရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ချေပဂိုးရရှိဖို့ အပြင်းအထန်ကြိုးစားခဲ့ရပြီး လူစားဝင်တိုက်စစ်မှူး မျူနီယာဟက်ဒက်ဒီ ၈၄ မိနစ်မှာ မက်ဆီရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်အထိ ရလဒ်ပြောင်းလဲခြင်းမရှိလို့ ဘာစီလိုနာတို့ နှစ်ပတ်ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ အခုပွဲမှာ ဘာစီလိုနာ တိုက်စစ်မှူးတွေ ဂိုးဖြုန်းတီးခဲ့လို့ အနိုင်ရလဒ်နဲ့ ဝေးခဲ့တာဖြစ်ပြီး မက်ဆီကို ပထမလူစာရင်းမှာ မသုံးခဲ့တာနဲ့ပတ်သတ်လို့ မက်ဆီဟာ အနားယူဖို့ လိုအပ်နေတယ်လို့ နည်းပြ ဗယ်ဗာဒီက ဖြေကြားသွားခဲ့ပါတယ်။
3 years Ago

February 23, 2018

နှစ်ဖက် ဘောလုံးပရိသတ်များ ခိုက်ရန်ဖြစ်ပွားမှုကို တားဆီးရာမှ ရဲအရာရှိတဦး သေဆုံး

စပိန်နိုင်ငံတောင်ပိုင်း ဘီလ်ဘာအိုမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က နှစ်ဖက်ဘောလုံးအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားတာကို တားဆီးဖို့ ကြိုးစားရာကနေ ရဲအရာရှိတဦး သေဆုံးခဲ့ပါတယ်။ အက်သလက်တစ် ဘီလ်ဘာအို အသင်းနဲ့ စပါတက်ခ်မော်စကိုအသင်းတို့ရဲ့ ယူရိုပါလိဂ်ပွဲ ယှဉ်ပြိုင်မကစားခင် အခုလိုဖြစ်ခဲ့တာပါ။ အသင်းနှစ်သင်းရဲ့ ပရိသတ်တွေ ရန်ဖြစ်တာကို တားဆီးဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိဟာ နှလုံးရောဂါဖောက်ခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အချင်းများမှုမှာ အနည်းဆုံး လူ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအသင်းနှစ်သင်းရဲ့ ပွဲစဉ်မှာတော့ စပါးတပ်ခ်မော်စကိုအသင်းက ဘီလ်ဘာအိုအသင်းကို နှစ်ဂိုး တဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up