ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန် ကိုပါဒယ်ရေဖလား ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ နာမည်ကြီး ဘာစီလိုနာအသင်း ရှုံးနိမ့်သွားပါတယ်။
အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဘီလ်ဘာအိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ပထမပိုင်းမှာတင် ဘီလ်ဘာအိုအသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုး ၁ ဂိုးကို ၅၂ မိနစ်မှာ တိုက်စစ်မှူး မက်ဆီက သွင်းယူပါတယ်။
ဘာကာက ဒီပွဲမှာ အဓိက ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားတာပါ။
ပထမပိုင်းမှာ အိမ်ရှင် ဘီလ်အာအိုက ထိန်းချုပ် ကစားသွားနိုင်ပေမယ့်လည်း ဒုတိယပိုင်းမှာ ဘာကာက ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။
ဘီလ်ဘာအိုက ၇၄ မိနစ်မှာ တယောက်၊ မိနစ် ၈၀ မှာ နောက်တယောက် အထုတ်ခံရပြီး ၉ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားရပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်း ဂိုးထပ်မသွင်းနိုင်လို့ အရှုံးပေးလိုက်ရပါတယ်။
ဒုတိယအကျော့ ရှုံးထွက်ပွဲစဉ်ကိုတော့ လာမယ့် ဇန်န၀ါရီ ၁၁ ရက်နေ့မှာ ဘာစီလိုနာက အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago