ဘီလူချောင်း

May 27, 2021

ကယား ဘီလူးချောင်း အမှတ်(၁) ရေအားလျှပ်စစ်စက်ရုံမှူးရုံး အဆောက်အဦ မီးလောင်

ကယား​ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတ၊ ဘီလူးချောင်းအမှတ် (၁) ရေအားလျှပ်စစ်စက်ရုံဝန်းရှိ စက်ရုံမှူးရုံးအဆောက်အဦ ဒီနေ့မနက်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုရဲ့ ဆုံးရှုံးမှုတန်ဖိုး မသိရသေးသလို ဘာကြောင့် လောင်ကျွမ်းတယ်ဆိုတာကိုလည်း တာဝန်ရှိသူတွေက မထုတ်ပြန်သေးပါဘူး။

ကယားပြည်နယ်အတွင်း ကယားပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံတိုင်းရင်းသားတပ်တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးရှိကာ ကယားပြည်သူ့ကာကွယ်ရေးတပ်က ရဲစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အင်အားအဆမတန်သုံးကာ လက်နက်ကြီးတွေ တိုက်ခိုက်ရေးယာဥ်တွေသုံးပြီး ရမ်းသမ်းပစ်ခတ်မှုတွေရှိနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ရမ်းကားပစ်ခတ်မှုတွေကြောင့် ပြည်သူလူထုနေအိမ်တွေ၊ သာသနာ့အဆောက်အဦတွေ ထိခိုက်ပျက်စီးပြီး အပြစ်မဲ့အရပ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း တိုးပွားလာနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်အင်အား အဆမတန်တိုးပြီး ထိုးစစ်ဆင်နေတာကြောင်း သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

7 months Ago
Up