ဘီလီယံနာ သူဋ္ဌေးကြီး ၀ါရင်းဘတ်ဖတ် အက်ပဲလ်ရှယ်ယာများ ၀ယ်ယူ

A d v e r t i s e m e n t With Us

May 17, 2016

ဘီလီယံနာ သူဋ္ဌေးကြီး ၀ါရင်းဘတ်ဖတ် အက်ပဲလ်ရှယ်ယာများ ၀ယ်ယူ

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘီလီယံနာသူဋ္ဌေးကြီး ၀ါရင်း ဘတ်ဖတ်က (Warren Buffett) က အက်ပဲလ် နည်းပညာကုမ္ပဏီရဲ့ ရှယ်ယာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၈၁ သန်းဖိုး ၀ယ်ယူတယ်လို့ မေလ ၁၆ ရက်နေ့က ထုတ်ဖော်ပြောဆိုပါတယ်။ အက်ပဲလ်ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးတွေ ၀ယ်ယူခဲ့တယ်လို့ ၀ါရင်း ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဘတ်ရှိုင်းယား ဟတ်ဒဝေး (Berkshire Hathaway) က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ၀ါရင်းဘတ်ဖတ်ဟာ အခုလို နည်းပညာအစုရှယ်ယာတွေထက် အမြတ်အစွန်း နည်းပေမယ့် တည်ငြိမ်တဲ့ ရှယ်ယာတွေကိုပဲ ၀ယ်သူလေ့ရှိတဲ့အတွက် အခုလို အက်ပဲလ်ကုမ္ပဏီရဲ့ အစုရှယ်ယာကို ၀ယ်ယူတာ ထူးခြားနေတာပါ။ ပြီးခဲ့တဲ့တနှစ်တာအတွင်း အက်ပဲလ်ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုး ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့တဲ့အတွက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် ပြီးခဲ့တဲ့တပတ်က လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီတပတ် တနင်္လာနေ့မှာတော့ ရှယ်ယာတန်ဖိုး ၃ ဒသမ ၇ ရာခိုင်နှုန်း ပြန်တက်လာပြီး ၉၄ ဒေါ်လာနီးပါး ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအပါအ၀င် ကမ္ဘာတ၀န်း အိုင်ဖုန်းအရောင်း ကျဆင်းခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ အမြတ်အစွန်းလယ်ဗယ် (Level) ကို ရေရှည်ဆက်ထိန်းထားနိုင်မလား မေးခွန်းထုတ်နေကြပါတယ်။
5 years Ago
Up