ဘီလီယံနာ

January 14, 2020

ဘီလီယံနာ အယ်လီကိုဒန်ဂိုတေး အာဆင်နယ်အသင်းကို ဝယ်ယူလို

အာဖရိကရဲ့ အချမ်းသာဆုံး ဘီလီယံနာသူဌေးကြီး အယ်လီကိုဒန်ဂိုတေးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ သူ ချစ်တဲ့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ အစီအစဉ်ရှိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။  ပေါင် ၈ ဒသမ ၅ ဘီလီယံလောက် ကြွယ်ဝချမ်းသာတဲ့ ဒန်ဂိုတေးဟာ နာမည်ကျော် ဒန်ဂိုတေး ဘိလပ်မြေကုမ္ပဏီရဲ့ တည်ထောင်သူ ဖြစ်ပြီးတော့ အာဖရိတိုက်ရဲ့ အကြီးမားဆုံး ဘိလိပ်မြေ ဖြန့်ဖြူးရောင်းချသူလည်း ဖြစ်ပါတယ်။  ဒန်ဂိုတေးဟာ အခြားသော ပိုင်ဆိုင်မှုတွေအဖြစ် ဆား၊ သကြားနဲ့ အိမ်ဆောက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေ များစွာလည်း ပိုင်ဆိုင်တယ်လို့ သိရပါတယ်။  ဒေးဗစ်ရူဘက်စတန်ရဲ့ အင်တာဗျူးအစီအစဉ်မှာ လာရောက်ဖြေကြားခဲ့တဲ့ ဒန်ဂိုတေးက လက်တလောမှာ သူ့အနေနဲ့ ပေါင် ၂၀ ဘီလီယံ တန်ကြေးရှိတဲ့ စီမံကိန်းတခုကို အာရုံစိုက်နေပြီးတော့ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ဆိုတာ သူ့ရဲ့ အိပ်မက်ဖြစ်ကြောင်း ပြောပါတယ်။ လတ်တလောမှာတော့ လက်ရှိ အဆောက်အအုံ တည်ဆောက်မှုစီမံကိန်းတွေကို အပြီးသတ်ဖို့ ကြိုးပမ်းနေပြီး ၂၀၂၁ ခုနှစ်လောက်မှာတော့ အမေရိကန်သူဌေး ခရွန်ခီဆီကနေ ဝယ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
2 years Ago
Up