ဘီလီဂျိုးဆောင်ဒါ

A d v e r t i s e m e n t With Us

May 19, 2019

WBO စူပါဝိတ်ချန်ပီယံခါးပတ်လုပွဲတွင် အင်္ဂလန်လက်ဝှေ့ကျော် ဘီလီဂျိုးဆောင်ဒါ

အင်္ဂလန်လက်ဝှေ့ကျော် ဘီလီဂျိုးဆောင်ဒါဟာ ပြိုင်ဘက် ရှီဖက်အစ်ဆူဖီကို အသာအယာ ထိုးသတ်ပြီးတော့ လစ်လပ်နေတဲ့ WBO စူပါဝိတ်ချန်ပီယံဘွဲ့ကို ထပ်မံရယူသွားခဲ့ပါတယ်။ တိုင်ဆန်ဖျူရီနောက်ပိုင်း ဗြိတိန်လက်ဝှေ့လောကအတွက် အအောင်မြင်ဆုံးဖြစ်လာတဲ့ ဆောင်ဒါဟာ လက်ရှိမှာတော့ ခါးပတ် နှစ်ခုချန်ပီယံလည်း ဖြစ်လာခဲ့ပါတယ်။ ဟတ်ဖိုဒ့်ရှိုင်းယားကွင်းမှာ ကျင်းပခဲ့တဲ့ အဲဒီစူပါမစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်လုပွဲကိုတော့ ပရိသတ် ၂၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ပြီးတော့ ပွဲကောင်းတပွဲ ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေ ကျေနပ်ခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒိုင်လူကြီး ၃ ဦးစလုံးက ဆောင်ဒါကိုပဲ အမှတ်အသာနဲ့ အနိုင်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
2 years Ago
Up