ဘီလစ်

December 17, 2020

ဝက်စ်ဘရွန်းအသင်းနည်းပြ ဘီလစ် ထုတ်ပယ်ခံရ 

ခရိုအေးရှားသား နည်းပြ ဘီလစ်ဟာ ဝက်စ်ဘရွန်းအသင်းကို တန်းတက်အောင် လုပ်ဆောင်ပေးခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ တစ်ပွဲသာ ရခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။  ဝက်စ်ဘရွန်းနည်းပြ ထုတ်ပယ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ကလပ်အသင်းတွေဘက်က အချိန်ပေးသင့်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ကလပ်အသင်းတွေအနေနဲ့ နည်းပြ တစ်ဦးကို ရေရှည်အတွက် စဉ်းစားသင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။  ဘီလစ်ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် အလွန်ဝမ်းနည်းမိပြီး တန်းတက်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်လို့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုးလ်ရှားက ချီးကျူးပါတယ်။  ကလပ်အသင်းတွေဘက်က နည်းပြ တစ်ဦးကို ရေရှည်အတွက်ကြည့်ပြီး စိတ်ရှည်ပေးဖို့ မျှော်လင့်တယ်လို့လည်း ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။ 
4 months Ago
Up