ဘီယွန်းဆေး၏ အားမာန်ပါသည့် အကအလှဂီတနှင့် ဂရမ်မီည

February 14, 2017

ဘီယွန်းဆေး၏ အားမာန်ပါသည့် အကအလှဂီတနှင့် ဂရမ်မီည (ရုပ်သံ)

ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုပေးပွဲမှာ နာမည်စာရင်း တင်သွင်းခံထားခဲ့ရတဲ့ ဆု ၉ ဆုလုံးကို မပိုင်ဆိုင်ခဲ့ပေမယ့် ဘီယွန်းဆေးအတွက်တော့ ဒီညဟာ သူမရဲ့ညတည ဖြစ်ခဲ့ရပါတယ်။ ဒီတေးဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေမှုဟာ သူ့အတွက်တော့ တကယ့်ကို အမှတ်ရစရာတွေပါပဲ။ ဘီယွန်းဆေးဟာ Love Drought နဲ့ Sandcastles သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့တာဖြစ်ပြီး သူ့မှာ အမြွှာရင်သွေးလေးတွေကို ကိုယ်ဝန်လွယ်ထားခဲ့ရတာပါ။ သူမဟာ မိသားစုနဲ့ အမျိုးသမီးဘဝ၊ မိခင်အဖြစ် ရှင်သန်နေထိုင်ရမှုတွေကို ဖော်ညွှန်းသီဆို သရုပ်ပြခဲ့တာပါ။ နတ်ဖုရားမတဦးအသွင်နဲ့ မြင်တွေ့ရမယ့် ဘီယွန်းဆေးရဲ့ ရွှေရောင် ဆီးကွင့်စ်တွေနဲ့ ထူးခြားဆန်းကြယ်တဲ့ ဝတ်စုံဝတ်ဆင် သီဆိုဖျော်ဖြေမှုတွေကို ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။
4 years Ago
Up