အမေရိကန်ပြည်ထောင်စုက ပွဲတော်တခုမှာ ရဲအရာရှိတဦးဟာ ပရိသတ်တွေကို ဘီယွန်းဆေးရဲ့ “Formation” ဆိုတဲ့ သီချင်းနဲ့ ကပြခဲ့ပါတယ်။
ရဲအရာရှိ ကပြနေတဲ့ ဖြစ်ရပ်ကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။
ဒီရုပ်သံကို လွန်ခဲ့တဲ့ ၂ ရက်က တင်ခဲ့တာဖြစ်ပြီး အင်စတာဂရမ် အသုံးပြုသူတွေအကြား ရေပန်းစားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာထွက်တဲ့ ဘီယွန်းဆေးရဲ့ Lemonade အယ်လ်ဘမ်ထဲက ဒီသီချင်းဟာ ရေပန်းစားခဲ့ပြီး ယူကျုမှာ ကြည့်ရှုသူတွေ သန်းချီခဲ့ပါတယ်။
တချို့ရဲတပ်ဖွဲ့ဝင်တွေ အုပ်စုနဲ့ ဒီသီချင်းကို ကပြဖျော်ဖြေနေတာတွေကိုလည်း ယူကျုမှာ ကြည့်ရှုနိုင်ပါတယ်။
5 years Ago