ဘီယွန်ဆေး ပြန်ရုပ်သိမ်း

February 25, 2017

ဧပြီကျင်းပမည့် ဂီတပွဲတော် ဖျော်ဖြေရန်စီစဉ်ထားမှု ဘီယွန်ဆေး ပြန်ရုပ်သိမ်း

အမြွှာလေးတွေရဲ့ကိုယ်ဝန်ကိုလွယ်ထားတဲ့ အဆိုတော် ဘီယွန်ဆေးဟာ ဧပြီလမှာ ကျင်းပမယ့် ကော်ချယ်လား ဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားတာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ လာမယ့်လတွေထဲမှာ သက်သက်သာသာနေဖို့လိုတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ၂၀၁၇ ခုနှစ် ကော်ချယ်လာ ဂီတနဲ့ အနုပညာပွဲတော်မှာ ပါဝင်ဖျော်ဖြေမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာလို့ ပွဲစီစဉ်သူတွေကပြောကြားခဲ့ပါတယ်။ ဘီယွန်ဆေးဟာ နှစ်စဉ် ကျင်းပပြုလုပ်တဲ့ ကာလီဖိုးနီးယားတောင်ပိုင်းကန္တာရထဲက ပွဲတော်ကို  ဧပြီ ၁၅ ရက် နဲ့ ၂၂ရက် ရက်မှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ “သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ နာမည်ကြီးနေတဲ့ ဖော်မေးရှင်း “Formation” သီချင်းကို သီဆိုခဲ့တဲ့ ဘီယွန်ဆေးဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ လုပ်မယ့်ပွဲမှာတော့ ပြန်လည်ပါဝင်မယ်” လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဘီယွန်းဆေးဟာ ဖေဖော်ဝါရီ ၁၂ က ကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာလည်း သူ့ရဲ့ ကိုယ်ဝန်ကို ဂုဏ်ယူစွာပြသရင်း ဖျော်ဖြေခဲ့ပြီး ဂရမ်မီဆုနှစ်ခုရရှိခဲ့ပါတယ်။ အမြွှာ ကိုယ်ဝန်လွယ်ထားတဲ့ ဘေးယွန်းဆေးရဲ့ မီးဖွားရက်ကိုတော့ မသိရသေးပါဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up