ဘီယာဘူးခွံ

April 2, 2019

ဘီယာဘူးခွံထဲ ခေါင်းညပ်နေသည့်မြွေကို ကယ်တင် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဘရုတ်စ်ဗဲလ်မြို့မှာ ဘီယာဘူးခွံထဲ ဦးခေါင်းညပ်နေတဲ့ မြွေတကောင်ကို အမျိုးသမီးတဦးက ကယ်ထုတ်ပေးတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ Humans and Animals United ပရဟိတအဖွဲ့ တည်ထောင်သူ ဖန့်ထ်ဟာ မတ်လ ၂၈ ရက်နေ့က ဘီယာဘူးခွံထဲ ဦးခေါင်းညပ်ပြီး ထုတ်မရဖြစ်နေတဲ့ မြွေကို တုတ်တချောင်းသုံးပြီး ကယ်ခဲ့တာပါ။ ပုံမှန်အားဖြင့် အင်းဆက်ပိုးကောင်တွေကနေ မိချောင်းတိရစ္ဆာန်တွေအထိ ကယ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကတော့ အံအားသင့်စရာ ကောင်းတယ်လို့ ဖန့်ထ်က ပြောခဲ့ပါတယ်။ အကြောင်းကတော့ မြွေတွေကို အများအားဖြင့် မမြင်တွေ့နိုင်လို့ပါ။ ဘီယာဘူးထဲ ပိတ်မိနေတဲ့ မြွေကို မြင်ရုံသာမကဘဲ ကူညီပေးနိုင်တဲ့အတွက် ကံကောင်းတယ်လို့ မြွေကို ကယ်တင်သူ ဖန့်ထ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
3 years Ago
Up