ပီအက်စ်ဂျီတောင်ပံကစာသမား ဒီမာရီယာဟာ မန်ယူအသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ ဘီယာပုလင်းနဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။
ဒုတိယပိုင်းပွဲချိန်အတွင်းမှာ မန်ယူနောက်ခံလူ အက်ရှ်လေယန်းရဲ့ တွန်းထုတ်မှုကနေ ပရိသတ်တွေနား လဲကျသွားတဲ့အချိန်မှာ ဘီယာပုလင်းနဲ့ အပစ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒီမာရီယာကတော့ အဲဒီဘီယာပုလင်းကို ကောက်ယူကာ သောက်မယ့်ပုံစံပြပြီးနောက် ကွင်းဘေးကို ပြန်လည်လွှတ်ပစ်ခဲ့တာဖြစ်ပါတယ်။
ဒီမာရီယာဟာ မန်ယူနဲ့ပွဲမှာ အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့သူဖြစ်ပြီး အ သင်းဟောင်းဘက်ကို အလွန်အကြူး အောင်ပွဲခံခဲ့တာကလည်း မန်ယူပရိသတ်တွေအတွက် လက်မခံချင်စရာဖြစ်သွားရတာပါ။
အသက် ၃၀နှစ်ရှိ ဒီမာရီဟာဟာ မန်ယူကစားသမားဟောင်း တဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရီးရဲလ်အသင်းကနေ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အသင်းက သူ့ကို အကောင်းဆုံးခြေစွမ်းပြနိုင်အောင် ခွင့်မပြုခဲ့ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။
မန်ယူနဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်ယူပရိသတ်တွေက ဒီမာရီယာကို ပစ်မှတ်ထားလှောင်ပြောင်ခဲ့ကြပြီး ဆဲဆိုတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
2 years Ago