COVID-19 ကပ်ဘေးကြောင့် လအနည်းငယ် ဆိုင်တွေပိတ်ထားခဲ့ပြီးနောက် မေလ ၂၁ ရက်က နယူးဇီလန်မှာ ပထမဆုံးအကြိမ် ဘားဆိုင်တွေနဲ့ ဘီယာဆိုင်တွေကို ပြန်ဖွင့်ပေးနေပါပြီ။
နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့အပတ်ကစလို့ တခြားလုပ်ငန်းတွေ ပြန်ဖွင့်ပေးခဲ့ပေမဲ့ ၊ အရက်ရောင်း တဲ့ ဆိုင်တွေကတော့ ပိတ်ထားခဲ့ရပါသေးတယ်။
အစိုးရကလည်း တောင်ကိုရီးယားမှာလို နိုက်ကလပ်တွေကနေ ကူးစက်မှုနှုန်းမြင့်တက်မှာကို စိုးရိမ်ကြောင်း ထောက်ပြခဲ့ပါတယ်။
နယူးဇီလန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ တိုက်ဖျက်ခဲ့လို့ ခရီးသွားလုပ်ငန်းက အထိခိုက်ဆုံး စီးပွားရေးကဏ္ဍ ဖြစ်ခဲ့ပါတယ်။
ဒီလို တင်းကျပ်တဲ့ အစီအမံတွေကြောင့်ပဲ နယူးဇီလန်ဟာ COVID-19 အတည်ပြု လူနာ ဦးရေ ၁၅၀၀ ကျော်ပဲ ရှိခဲ့သလို သေဆုံးသူကလည်း ၂၁ ဦးပဲ ရှိခဲ့တယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။
9 months Ago