ဘီဘီစီမှချီးမြှင့်သည့် အာဖရိက အကောင်းဆုံးဘောလုံးသမားဆု မာရက်ဇ် ဆွတ်ခူး

December 13, 2016

ဘီဘီစီမှချီးမြှင့်သည့် အာဖရိက အကောင်းဆုံးဘောလုံးသမားဆု မာရက်ဇ် ဆွတ်ခူး

ဘီဘီစီကချီးမြှင့်တဲ့ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လက်စတာ တောင်ပံတိုက်စစ်မှူး မာရက်ဇ်က ရရှိခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်ဟာ ဒေါ့မွန်က ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း၊ ၀က်စ်ဟမ်းက ဂါနာတိုက်စစ်မှူး အန်ဒရီအာယူး၊ လီဗာပူးက ဆီနီဂေါတိုက်စစ်မှူး မာနေးနဲ့ မန်စီးတီးက အိုင်ဗရီကို့စ်ကွင်းလယ်လူ ယာယာတိုရေးတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာပါ။ ဒီဆုကို ကမ္ဘာတဝှမ်းက ပရိသတ်တွေ မဲပေးရွေးချယ်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် မဲအများဆုံးနဲ့ အကောင်းဆုံးကစားသမားဆု ရယူနိုင်ခဲ့တာပါ။ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပြီး အကောင်းဆုံးခြေစွမ်းကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ မာရက်ဇ်က ပြောပါတယ်။ အသက် ၂၅ နှစ်ရှိ မာရက်ဇ်ဟာ ကမ္ဘာ့အကောင်းဆုံးဆုအတွက် ရွေးချယ်တဲ့ ကစားသမား ၂၃ ဦး စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
5 years Ago
Up