ဘီဘာအို

January 18, 2016

ဂိုးဒါဇင်ဝက်သွင်းပြီး အနိုင်ယူသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာက ဘီဘာအိုကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ဘာကာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာ ဘီဘာအို ဂိုးသမားက တိုက်စစ်မှူး ဆွာရက်ကို ဆွဲချတဲ့အတွက် အထုတ်ခံရပြီး ပင်နယ်တီကနေ ရသွားတာပါ။ အဲဒီပင်နယ်တီကို မက်ဆီက သွင်းယူပါတယ်။ ဒုတိယဂိုးကို တိုက်စစ်မှူး နေမာက ၃၁ မိနစ်မှာ သွင်းယူပါတယ်။ တယောက်လျော့ ဘီဘာအိုအသင်း ဘာစီလိုနာကို မယှဉ်နိုင်ဖြစ်ခဲ့ပြီး ဂိုးတွေ ဆက်တိုက် ပေးလိုက်ရတာပါ။ ဘာကာက ဘောလုံးပိုင်ဆိုင်မှု တဘက်သတ် အသာစီးယူ ကစားသွားပြီး တိုက်စစ်မှူး ဆွာရက်က  ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဘာကာအတွက် နောက်တဂိုးကို ရာကစ်တစ်က သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီနှစ်သင်းဟာ လာမယ့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်မှာလည်း ထပ်မံတွေ့ဆုံရမှာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ ဘာကာက တပွဲလျော့ ၄၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က အက်သလက်တီကို မက်ဒရစ်ရဲ့နောက် ၂ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဘီဘာအိုကတော့ ၂၈ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပါတယ်။
7 years Ago
Up