ဘီဘာအို

January 21, 2016

စပိန်ဘုရင့်ဖလားပွဲ ဘီဘာအို ၁ - ၂ ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၂၀ ရက် ညက ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ကိုပါဒယ်ရေ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာက ဘီဘာအိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဝေးကွင်းမှာယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက အားထားရတဲ့ တိုက်စစ်မှူး မက်ဆီကို အနားပေးပြီး ယှဉ်ပြိုင်သွားပါတယ်။ တိုက်စစ်မှူး ဆွာရက်ကတော့ ပွဲပယ်ခံထားရလို့ ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဘာကာအတွက် ဦးဆောင်ဂိုးကို ၁၈ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ ဘာစီလိုနာက စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံလည်း ဖြစ်ပါတယ်။ ဘာကာအတွက် ဒုတိယဂိုးကို တဘက်နောက်တန်းရဲ့ မရှင်းထုတ်နိုင်တဲ့ အမှားကနေ ၂၄ မိနစ်မှာ တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။ အိမ်ရှင် ဘီဘာအိုအတွက် တလုံးတည်းသော ချေပဂိုးကို ၈၉ မိနစ်မှာ ဘာကာ နောက်တန်း အမှားကနေ သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ ဘာစီလိုနာက ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ဘီဘာအိုကို လာမယ့် ၂၇ ရက်နေ့မှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
7 years Ago
Up