အမေရိကန်နိုင်ငံမှာ ဘီကီနီဝတ် လှပျိုဖြူတွေနဲ့ ပါတီပွဲကျင်းပပြီး မူးယစ်သောက် စား ဆူညံကာ ပတ်ဝန်းကျင်ကို ထိခိုက်စေမှုနဲ့ မန်ချက်စတာ ဘောလုံးသမား ရိုမီ လူကာကူနဲ့ ပေါလ် ပေါ့ဘာတို့ဟာ ဖမ်းဆီးခံခဲ့ရပါတယ်။
အသက် ၂၄ နှစ်အရွယ် ဘောလုံးစတား လူကာကူဟာ လော့စ်စ်အိန်ဂျလိစ်မြို့မှ သူငှားရမ်းထားတဲ့ အိမ်ရဲ့ ရေကူးကန်ဘေးမှာ ဘီကီနီဝတ်လှပျိုဖြူတသိုက်နဲ့ ကခုန်ဆူညံပြီး ပါတီပွဲ ကျင်းပခဲ့တာပါ။
သူတို့ကို ရဲတွေက စွဲချက် ၅ ခုနဲ့ အရေးယူဖို့ စွဲချက်တင်ထားခဲ့တာဖြစ်ပြီး သူကတော့ အားလုံးကို ငြင်းဆိုထားတာပါ။
အဲဗာတန်အသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ဘောလုံးစတားဟာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။
ဘီဗာလီဟေးလ်စ်ရဲတွေကတော့ သူ့ကို ဖမ်းဆီးခဲ့တာဟာ ကျိုးကြောင်းခိုင်လုံတယ်လို့ ပြောပါတယ်။
ရဲအရာရှိတွေဟာ အဲဒီပါတီကျင်းပတဲ့ နေရာတနေရာတည်းကနေ ပတ်ဝန်းကျင် ထိခိုက်အောင် ဆူညံစေမှုနဲ့ တိုင်တန်းမှု ၅ ခုရရှိခဲ့တယ်လို့ ဆိုပါတယ်။
ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေကတော့ လူကာကူဟာ အသင်းဖော် ပေါ့ဘာနဲ့အတူ သောက်စားမူးယစ်ပြီး သီချင်းဆိုတာတွေ၊ ဘီကီနီဝတ်အမျိုးသမီးတွေနဲ့ ကခုန်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့၂ ဦးစလုံးဟာ လော့စ်အိန်ဂျလိစ်မှာ ရှိနေတဲ့ အားလပ်ရက်ကာလအတွင်း အတူတတွဲတွဲရှိနေကြတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာပေါ်မှ တဆင့် မျှဝေခဲ့ကြတာပါ။
မန်ယူအသင်းရဲ့ မီဒီယာမန်နေဂျာ ကာရန် ရှော့တ်ဘော့လ်တ်ကတော့ “လူကာကူဟာ ဘာဘီကျူးပါတီ ကျင်းပခဲ့တဲ့အချိန်မှာ ပေါလ်လည်း အဲဒီမှာ ရှိနေခဲ့တယ်။ လူ ၃၀ လောက်ရှိမှာပေါ့။ အားလုံး ၈ နာရီမှာ ပြီးသွားခဲ့တာပါ”လို့ ပြောလိုက်ပါတယ်။
6 years Ago