ဘိုးရင်း 737 NG

November 1, 2019

ဘိုးရင်း 737 NG လေယာဉ် ၃ စီးတွင် အက်ကြောင်းများ တွေ့ရှိ၊ ပျံသန်းမှုရပ်တန့်

ကွင်န်တက်စ် လေကြောင်းလိုင်းရဲ့ ဘိုးရင်း 737 NG လေယာဉ် ၃ စီးမှာ  အက်ကြောင်းတွေ တွေ့ရတယ်လို့ လေကြောင်းလိုင်းက နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။  ဘိုးရင်းလေယာဉ်နဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်း ပြဿနာတွေ ဖြစ်နေချိန်  ကွင်န်တက်စ်က သူရဲ့ ဘိုးရင်းလေယာဉ်တွေကို သတ်မှတ်ချိန်ထက်စောပြီး စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။   အဲဒီလို စစ်ဆေးရာမှာ လေယာဉ်ကိုယ်ထည်နဲ့ တောင်ပံအကြား ဆက်သွယ်တဲ့ pickle fork ဆိုတဲ့နေရာမှာ အက်ကြောင်းတွေ တွေ့ခဲ့တာပါ။   ဒါကြောင့်မို့ အဲဒီလိုတွေ့ခဲ့တဲ့ ဘိုရင်း 737 NG လေယာဉ် ၃ စီးကို ပြင်ဆင်ဖို့အတွက်  ပျံသန်းတာကို ရပ်ခဲ့တယ်လို့ ကွင်တက်စ် ပြည်တွင်းလေကြောင်းလိုင်း CEO ဒေးဗစ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။   အဲဒီ ဘိုးရင်းလေယာဉ် ၃ စီးလုံးဟာ ပျံသန်းကြိမ်ရေ   ၂၇,၀၀၀ ဝန်းကျင်သာ ရှိပြီး ပျံသန်းကြိမ်ရေ ၃၀,၀၀၀ ရှိမှာသာ  လေယာဉ်တွေကို ချက်ချင်း စစ်ဆေးဖို့ လိုအပ်ပါတယ်။     ပျံသန်းကြိမ်ရေ ၂၇,၀၀၀ အောက်ရှိပြီး အက်ကြောင်းတွေ တွေ့တဲ့ ဂျက်လေယာဉ် တစီးကို အကြီးစား ပြင်ဆင်နေတယ်လို့  ကွင်န်တက်စ်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။
2 years Ago
Up